မျက်နှာပေါ်မှာ မလိုအပ်တဲ့ အမွှေးအမျှင်တွေ ရှိတတ်ပါတယ်။ လူဆိုတာ မျောက်ကနေ ဆင်းသက်လာတာလို့ ပြောကြတယ်မဟုတ်လား။ တချို့ဆိုရင် အမွှေးချွတ်ဆေးတွေတောင် အသုံးပြုကြပါတယ်။

ဒီနေ့မှာတော့ သဘာဝပစ္စည်းလေးတွေကို အသုံးပြုပြီး မျက်နှာပေါ်က မလိုအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားနိုင်မဲ့နည်းလမ်းကို ပြောပြပေးပါ့မယ်။

14

ပါဝင်ပစ္စည်း

ကွေကာအုတ်လုပ်တဲ့ အမှုန့် (Oatmeal Power) စားပွဲတင်ဇွန်း ၁ ဇွန်း

oats

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

jar-of-honey-with-honeycomb

သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း

10-side-effects-of-lemon-juice

ပြုလုပ်နည်း

ခွက်အသေးတစ်လုံးထဲမှာ ပါဝင်ပစ္စည်းတွေအားလုံးရောပြီး မွှေပေးပါ။

အဲဒီနောက် မျက်နှာပေါ်က အမွှေးအမျှင်တွေ ရှိတဲ့နေရာမှာ လိမ်းပေးပါ (ဥပမာ၊ နှုတ်ခမ်းအပေါ်၊ ပါးသိုင်းမွေး)။

အဲဒီနောက် ၁၅ မိနစ်လောက်ထားပါ။

အဲဒီနောက် အမွှေးပေါက်တာနဲ့ ဆန့်ကျင်ဖက်ကို ပွတ်တိုက်ပေးပြီး ရေနွေးနဲ့ မျက်နှာသစ်ပါ။

ပြီးရင်တော့ မိမိပုံမှန်သုံးနေတာ Moisturizer ကိုလိမ်းပေးပါ။

တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက် ပြုလုပ်ပေးပါ။ ၁ လလောက်ဆိုရင်တော့ ကိုယ်မလိုချင်တဲ့ အမွှေးအမျှင်တွေ ပျောက်သွားမှာဖြစ်ပါတယ်။

Blackheads Removal

ဆားဝက်ခြံအတွက်

ကွေကာအုတ်လုပ်တဲ့အမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေနွေးအနည်းငယ်နဲ့ရောပါ။

ဆားဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးပြီး ခြောက်တဲ့ထိထားကာ ရေဆေးချပါ။

baking-soda-e1462990338656

မုန့်ဖုတ်ဆိုဒါ

ဒီနည်းလမ်းကိုတော့ အိပ်ယာမဝင်ခင်လုပ်ပေးရမှာပါ။

ရေနွေးပူပူ ၂၀၀ မီလီလီတာထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ အဲဒီနောက် သေချာအောင်မွှေပေးပြီး အေးတဲ့ထိထားပါ။ ဝါဂွမ်းစကိုအဲဒီအရည်ထဲ အနည်းငယ်စိမ်ပေးပါ။ အဲဒီနောက် နည်းနည်းခြောက်သွားအောင်ထားပြီး မျက်နှာပေါ်က မလိုအပ်တဲ့အမွှေးအမျှင်ရှိတဲ့နေရာမှာ လိမ်းပေးပါ။

အဲဒီလိုလိမ်းပေးပြီးရင် တစ်ညလုံးသိပ်ထားပြီး မနက်မိုးလင်းတဲ့အခါ မျက်နှာသစ်ပါ။ ဒီနည်းလမ်းလေးနဲ့ ၂ ခါ ၃ ခါလောက်ပြုလုပ်ပြီးရင်တော့ အမွှေးအမျှင်တွေ သိသိသာသာ ကင်းစင်သွားပါလိမ့်မယ်။