အားလုံးပဲမင်္ဂလာပါနော်။ ခံတွင်းရနံ့ဆိုးတာက မိမိကိုယ်ကို ယုံကြည်မှုပျောက်စေပါတယ်။ ဒါ့အပြင် သင့်သွားနဲ့ ခံတွင်းကျန်းမာရေးအတွက်လည်းခံတွင်းရနံ့ကို ဂရုစိုက်သင့်ပါတယ်။

သဘာဝအတိုင်း ခံတွင်းရနံ့ ဆိုးတာကို သက်သာစေမယ့် နည်းလမ်းကောင်းလေးကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

သံပယိုသီး တစ်ခြမ်း အရည်ညှစ်ပါ

ရေနွေး ၁ ခွက်

သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

မုန့်ဖုတ်ဆိုဒါ (ပွဆေး) လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကိုထည့်လိုက်ပါ။

ပြီးရင်သေချာရောပြီး မွှေပေးလိုက်ပါ။ အဲဒီနောက် ဘူးထဲမှာ သေချာလေး ထည့်ထားလိုက်ပါ။

အဲဒီအရည် စားပွဲတင်ဇွန်း ၂ ဇွန်းလောက်ကို ပါးစပ်ထဲထည့်ငုံပြီး ၁ မိနစ်လောက်ထားကာ ပလုတ်ကျင်းပေးလိုက်ပါ။

လေလုံတဲ့ဘူးထဲ သေချာထည့်သမ်းထားပေးလိုက်ပါ။

Source: www.fabhow.com

By: MyFood Myanmar