အမြဲတမ်း ငယ်ရွယ်နုပျိုချင်တာ လူသားတို့ရဲ့ သဘာဝပါပဲ။ အမျိုးသမီးရယ် လို့မဟုတ်ဘဲ အမျိုးသားတွေလည်း မျက်နှာပေါ်က အရေးအကြောင်းတွေကို အထူးဂရုစိုက်ကြတာတွေ့ရပါတယ်။
မျက်နှာပေါ်ကအရေးအကြောင်းတွေကို မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ဖယ်ရှားလို့ရပါတယ်။ အခုပြောပြမဲ့နည်းလမ်းက အသားအရေကို အာဟာရဓါတ်တွေဖြည့်တင်းပေးမှာမို့ အရေပြားပေါ်က အရေးအကြောင်းတွေကို လျော့ချပေးနိုင်မှာဖြစ်ပြီး အရွယ်တင်နုပျိုစေမှာဖြစ်ပါတယ်။
တစ်ပတ်အတွင်းမှာ ရလဒ်ကောင်းတွေရရှိလာမှာမို့ လုံခြုံစိတ်ချမှုအပြည့်ရှိတဲ့ သဘာဝပါဝင်ပစ္စည်းနဲ့ မိမိအိမ်မှာ အခုပဲပြုလုပ်လိုက်ကြရအောင်ပါ။
ပါဝင်ပစ္စည်း
ကြက်ဥအနှစ် ၁ လုံး
ဗာဒံဆီ (သို့) သံလွင်ဆီ ၂ ဇွန်း
အရည်အသွေးကောင်းတဲ့ ပျားရည် ဇွန်း တစ်ဝက်
Medical Vaseline (Vaseline အလှကုန်ပစ္စည်း) လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
ပထမဆုံး Vaseline ကို ၂ မိနစ်လောက် ရေနွေးငွေ့နဲ့ အပူပေးပြီး အရည်ပျော်အောင်လုပ်ပါ။
အရည်ပျော်သွားရင် အပူကနေ ဖယ်ရှားပေးပြီး တခြားပါဝင်ပစ္စည်းတွေထည့်ပါ။
သေသေချာချာ ရောနှောသွားဖို့ ၂ မိနစ်လောက် မွှေပေးပါ။
အဲဒီနောက် ရလာတဲ့ ခရင်မ်ကို ခွက်တစ်လုံးထဲ ထည့်ပေးပါ။
အသုံးပြုနည်း
ပထမဆုံး မျက်နှာကိုသန့်ရှင်းရေးလုပ်ပြီး စောစောကပြုလုပ်ထားတဲ့ ခရင်မ်ကို ညင်သာစွာပွတ်လိမ်း နှိပ်နယ်ပေးပါ။ နောက် နာရီဝက်လောက်ထားပြီး ဝါဂွမ်းကို ရေနွေးဆွတ်ပြီး သုတ်ပေးပါ။
သတိပြုရန်
ဒီခရင်မ်ကို အိပ်ယာမဝင်ခင် ၂ နာရီလောက်အလိုမှာ ပြုလုပ်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ခရင်မ် အသားအရေထဲကိုဝင်သွားဖို့ ၁ နာရီကျော် အချိန်ယူရပါတယ်။
ခရင်မ်ကို ရေခဲသေတ္တာထဲထည့်ထားပါ။ လက်တွေ့လုပ်ဆောင်ကြည့်ပြီး ရလဒ်ကို သဘောကျနှစ်သက်တယ်ဆိုရင် နောက်ထပ်ခရင်မ်ကို ထပ်လုပ်လို့ရပါတယ်။ ဒါပေမဲ့ ပါဝင်ပစ္စည်းအားလုံးကို နှစ်ဆ ထည့်မသုံးဖို့တော့လိုပါတယ်နော်။