ဒီကနေ့ခေတ်မှာ အသင့်စားအစားအစာတွေကို ကျွန်မတို့ ပိုမိုစားသုံးလာကြပါတယ်။ အဲဒီလို အမြန်စားအစားအစာတွေဟာ အဝလွန်တာ ဖြစ်စေပါတယ်။ အဝလွန်တာဟာ ကမ္ဘာပေါ်က လူတိုင်းလိုလို ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ ဘာလို့လဲဆိုတော့ လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းကြတာတွေကြောင့်ပါပဲ။

ginger-tea-for-weight-loss

ဒါပေမဲ့ သဘာဝပစ္စည်းလေးတွေနဲ့ အဝလွန်တာကို တိုက်ဖျက်နိုင်တဲ့အပြင် ကိုယ်အလေးချိန်လျှော့ချလို့ရတော့ စိတ်ပူစရာမလိုတော့ပါဘူး။

ဂျင်း

27716213

မြန်မာတို့ရဲ့ အိမ်တိုင်းမှာ တွေ့ရလေ့ရှိတဲ့ ဂျင်းဟာ အစာချေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူဖြစ်ပါတယ်။ ဒါ့အပြင် နေ့တိုင်း အစားမစားခင် ဂျင်းကို တစ်ကိုက်လောက် ကိုက်စားပေးတာ (သို့) ဂျင်းဖျော်ရည်လုပ်ပြီးသောက်တာတွေဟာ ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။

ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ကို ရေနွေးဆူဆူထဲထည့်လိုက်ရုံပါပဲ။ ဂျင်းမှုန့်မရှိရင်လည်း ဂျင်းကို ပါးပါးလှီးပြီး ရေနွေးဆူဆူနဲ့ ၅ မိနစ်လောက် နှပ်ထားပေးလို့ရပါတယ်။ မစားမစာခင် ၅ မိနစ်လောက်အလိုမှာ ဖျော်ပေးထားရမှာပါ။

ghimbir-ceai1

ဂျင်းကို ဒီအတိုင်းမသောက်ချင်ဘူဆိုရင်လည်း သံပုယိုသီးအရည်အနည်းငယ်နဲ့ ပျားရည်အနည်းငယ်ကို ထည့်ပြီး သောက်သုံးနိုင်ပါတယ်။

ဒါ့အပြင် ကိုယ်စားမဲ့မနက်စာ နေ့လည်စာနဲ့ ညစာတွေထဲမှာ ပူစီနံရွက် (သို့) အရွက်တစ်မျိုးမျိုးကို အစိမ်းလိုက် ဝါးစားပေးသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဟင်းထဲမှာ ထည့်ပြီးစားပေးသင့်ပါတယ်။

အခုလို သဘာဝဖျော်ရည်တွေကို သောက်သုံးပေးတာဟာ ဇီဝဖြစ်စဉ်တွေကို တိုးတက်စေနိုင်ပြီး အဆီတွေကို အလျင်အမြန် လောင်ကျွမ်း သွားစေပါတယ်။ ရေကူးတာ ဒါမှမဟုတ် ပြေးတာ လမ်းလျှောက်တာမျိုးလို တခြားလေ့ကျင့်ခန်းတွေကို လည်း လုပ်ပေးဖို့လိုပါတယ်။