ငှက်ပျောသီးဟာ ဈေးနှုန်းချိုသာပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများအပြားရှိတာကြောင့် ကမ္ဘာပေါ်က လူကြိုက်အများဆုံး အသီးလို့တောင် ဆိုလို့ရပါတယ်။ ငှက်ပျောသီးမှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေး၊ အသားအရေ လှပရေးသာမက ဆံနွယ်လေးတွေအတွက်လည်း အရမ်းကို အသုံးဝင်ပါတယ်။

ငှက်ပျောသီးမှာ ဆံနွယ်ကို ပျော့ပြောင်းစေတဲ့၊ ဆံဖျားကွဲတာတွေကနေ ကာကွယ်ပေးတဲ့ ပိုတက်ဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်တဲ့အပြင် သဘာဝအဆီ၊ ကာဗွန်ဟိုက်ဒရိတ်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဆံနွယ်ကို တောက်ပြောင်စေပြီး ကျန်းမာသန်စွမ်းစေတာကြောင့် ဆံနွယ်လေးတွေ အရှည်မြန်စေပါတယ်။

အခုပြောမဲ့ နည်းလမ်းကို မိနစ် ၂၀ လောက် အချိန်ပေးပြုလုပ်လိုက်ရုံနဲ့ အကျိုးကျေးဇူးတွေ အများကြီးရရှိမှာသေချာပါတယ်။

နည်းလမ်းလေးကတော့ ရိုးရိုးလေးပါပဲ။

ပါဝင်ပစ္စည်းတွေကတော့-

ကြက်ဥအနှစ် ၁လုံး

002564a6034011ce04dc2f

ငှက်ပျောသီး ၁ လုံး

71442518538banana

ပျားရည်

honey-625_625x421_41461133357

Mayonnaise ( ဆီ၊ ကြက်ဥအနှစ်၊ ရှလကာရည် တို့ကို ပေါင်းစပ်ထားတဲ့ ခရင်မ်)

mayonnaise

ဗာဒံဆီ (Almond Oil ) (သို့) သံလွင်ဆီ

sweet-almond-oil-featured-image

ဆေးဖက်ဝင် ကြက်ဆူဆီ (Castor Oil)

16-amazing-benefits-of-castor-oil-arandi-for-skin-hair-and-health

ရှားစောင်းလက်ပက် အနှစ်

aloe-vera-gel

လက်ဖက်ဆီ

tea-tree-oil

ပြုလုပ်နည်း

Mayonnaise ကို ခွက်တစ်လုံးထဲမှာ ပထမဆုံးထည့်ပါ။

အဲဒီနောက် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းလောက် အပြည့်ထည့်ပါ။

ဆက်လက်ပြီး ရှားစောင်းလက်ပက် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။

ဗာဒံဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။

ကြက်ဆူဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။

လက်ဖက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပေးပါ။

အဲဒီနောက် ကြက်ဥအနှစ်ကိုထည့်ပြီး သမအောင် မွှေပေးပါ။

အဲဒီနောက် ငှက်ပျောသီးမှဲ့ကို ပြဲသွားအောင် ခရင်းခ် နဲ့ မွှေပေးပြီး စောစောကလုပ်ထားတဲ့ အနှစ်ထဲကို ထည့်ပါ။

နောက်ဆုံးမှာပေါ့ ဆံနွယ်ကို လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားကာ ခေါင်းလျှော်ပါ။