ကြာရှည်ခံပစ္စည်းတွေကို အစားအစာတွေထဲမှာထည့်သွင်းရတဲ့ ရည်ရွယ်ချက်က ဘက်တီးရီးယားတွေ ပေါက်ပွားပြီးအစားအစာတွေကို ဖျက်ဆီးမှာကို ကာကွယ်ဖို့အတွက် အဓိက ထည့်သွင်းထားတာပါ။

ဒါပေမယ့် ဒီကြာရှည်ခံပစ္စည်းတွေက လူ့ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။

ကြာရှည်ခံပစ္စည်းတွေရဲ့ သက်ရောက်မှုက စားသုံးသူရဲ့ ကျန်းမာရေး အခြေအနေနဲ့ အသက်အရွယ်အပေါ်လိုက်ပြီး ကွာခြားမှုရှိပါတယ်။

ဒါပေမယ့် ကြာရှည်ခံပစ္စည်းတွေက ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေဖြစ်စေတာကတော့ အမှန်ပါဘဲ။

အသက်ရှူရ ခက်ခဲခြင်း

ကြာရှည်ခံပစ္စည်းတွေရဲ့ ဆိုးကျိုးတစ်ခုက အသက်ရှူရ ခက်ခဲတာဘဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု နာမည်ကြီး အွန်လိုင်း ဆေးခန်းလို့တောင် တင်စားခေါ်ဝေါ်နိုင်တဲ့ MayoClinic.com ရဲ့ ထုတ်ပြန်ချက်အရ ကြာရှည်ခံပစ္စည်းတွေကို ရှောင်ကြဉ်လိုက်တဲ့ ပန်းနာရင်ကြပ် လူနာတွေက ရောဂါ သက်သာလာတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Aspartame၊ Sulfites ၊ Benzoates ၊ Yellow Dye No.5 စတဲ့ ကြာရှည်ခံပစ္စည်းတွေက အသက်ရှူရ ခက်ခဲခြင်းနဲ့ပန်းနာရင်ကြပ်လိုမျိုး ရောဂါတွေဖြစ်စေနိုင်တယ်လို့ MayoClinic.com က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအပြင် ကြာရှည်ခံပစ္စည်း တစ်မျိုးဖြစ်တဲ့ ဆာလာဖိုက် (Sulphites) ကလည်း အသက်ရှူရခက်ခဲတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

အပြူအမူတွေ ပြောင်းလဲလာခြင်း

နောက်ထပ် ကြာရှည်ခံပစ္စည်းတစ်မျိုးရဲ့ ဆိုးကျိုးကတော့ အပြုအမူတွေ ပြောင်းလဲလာတာဘဲဖြစ်ပါတယ်။

အထူးသဖြင့် ကလေးငယ်တွေမှာ တက်ကြွမှုလွန်တဲ့ ပြဿနာတွေဖြစ်လာပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ကလေးများတွေဖြစ်ပွားလေ့ရှိတဲ့ ရောဂါများ သုတေသနမှာ ကြာရှည်ခံပစ္စည်းတွေပါဝင်မှုများတဲ့ အစားအစာနဲ့ စွဲလမ်းစေတဲ့ အစားအစာတွေ စားသုံးတဲ့ကလေးတွေမှာ တက်ကြွမှုလွန်တဲ့ ပြဿနာတွေဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။

နှလုံး ကို ထိခိုက်နိုင်ခြင်း

အစားအစာထဲမှာပါဝင်နေတဲ့ ကြာရှည်ခံပစ္စည်းတွေက နှလုံးတစ်ရှူးတွေကို အားနည်းစေပါတယ်။ ကြွက်တွေနဲ့ ကြာရှည်ခံပစ္စည်းတွေရဲ့ဆိုးကျိုးကို သုတေသနပြုလုပ်ခဲ့ရာ ကြာရှည်ခံပစ္စည်းတွေပါဝင်တဲ့ အစားအစာ စားသုံးမှုများတဲ့ ကြွက်တွေမှာ နှလုံးပျက်စီးမှု မြန်မြန် ဖြစ်လာပါတယ်။

ကင်ဆာ

ကြာရှည်ခံပစ္စည်းတွေရဲ့ အဓိက အန္တရာယ်က အစာခြေလိုက်တဲ့အခါမှာ Carcinogens ဓာတ်ကို ပြောင်းလဲသွားတာပါ။ ဒီ Carcinogens ဓာတ်က ကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။

ဒီဆောင်းပါးကို ခနောကြက်သားမှုန့်ကနေ ပံ့ပိုးပေးထားပါတယ်။

ခနောကြက်သားမှုန့်

ခနောကြက်သားမှုန့်ကို ထုတ်လုပ်ရာမှာ ဓာတုဆေးဝါးတွေနဲ့ ကြာရှည်ခံ ပစ္စည်းတွေကို ထည့်သွင်းထားခြင်းမရှိတာကြောင့် ကျန်းမာရေးကို မထိခိုက်နိုင်ပါ။

အဲ့ဒီအပြင် အရွယ်ရောက်ပြီးသား ကြက်တွေနဲ့သာ ထုတ်လုပ်ထားတာဖြစ်ပြီး သဘာဝအတိုင်း အခြောက်ခံနေတဲ့နည်းလမ်းကို အသုံးပြုကာ ကြာရှည်ခံပစ္စည်းတွေကို မထည့်ထားပါဘူး။

ခနောကြက်သားမှုန့်ကို ထိုင်းနိုင်ငံမှာ အသိအမှတ်ပြုခံထားရတဲ့၊ အရည်အသွေးမြင့် အစားအစာတွေကျွေးမွေးပြီး မွေးမြူထားတဲ့၊ သန့်ရှင်းတဲ့ ကြက်ခြံမွေးမြူထားပြီး၊ ဟော်မှုန်းဆေးဝါးတွေနဲ့ ရောဂါကာကွယ်တဲ့ ဓာတု ဆေးဝါးတွေမသုံးထားတဲ့ ကြက်မွေးမြူရေးခြံတွေနဲ့ ပူးပေါင်းပြီး ထုတ်လုပ်တာဖြစ်ပါတယ်။

နိုင်ငံတကာ အဆင့်မြင့် သန့်ရှင်းမှု တိုင်းတာတဲ့ စံနှုန်းတွေနဲ့အတူ ခနောကြက်သားမှုန့် ထုတ်လုပ်တဲ့ စက်ရုံတွေကို အမြဲတစေ စစ်ဆေးလျက်ရှိပါတယ်။