ဂျပန် နာမည် Enoki လို့ ခေါ်တဲ့ မှိုတစ်မျိုးဟာ အရသာ နူးညံ့ပြီး အင်မတန်စားလို့ကောင်းတဲ့ မှိုတစ်မျိုးပါ။ မြန်မာအခေါ်ကတော့ အပ်မှိုလို့ ခေါ်ကြပြီး ဟော့ပေါ့နဲ့ အခြားဟင်းလျာတွေမှာ တွဲဖက်ပြီးချက်တဲ့ မှိုလည်း ဖြစ်ပါတယ်။

Source: One Green Planet

Enoki မှိုဟာ သန့်ပြန့်ပြီး ရာသီဥတု အေးတဲ့နေရာတွေမှာသာ ပေါက်ရောက်တာ ဖြစ်ပါတယ်။ အပူချိန် ၄၅ ဒီဂရီဖာရင်ဟိုက် ရှိရမှာ ဖြစ်ပြီး တရုတ်၊ ကိုရီးယားနဲ့ ဂျပန်တွေလို အေးတဲ့ နေရာတွေမှာ စိုက်ပျိုးကြပါတယ်။ ပုံသဏ္ဍာန်ဟာ သေးသွယ်ပြီးအစုလို အပင်ပုံစံမျိုး ရောင်းတာ တွေ့ရမှာပါ။ ကာမ္ဘအနှံ့မှာ အပ်မှိုကို ပုံစံအမျိုးမျိုးနဲ့ တွေ့နိုင်ပါတယ်။ အထူးသဖြင့် အေးတဲ့ နိုင်ငံတွေမှာပါ။

Source: Strayed from the Table

အပ်မှိုမှာလည်း အကျိုးပြုစေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဗီတာမင် B3,B5,B1,B2, သံဓာတ်တို့ ပါဝင်ပါတယ်။ အပ်မှိုမှာပါတဲ့ အမျှင်ဓာတ်တဲ့ ဂေါ်ဖီထုပ်မှာ ပါတဲ့ အမျှင်ဓာတ်တဲ့ ၂ဆပိုများပါတယ်။ သွေးထဲက သကြားဓာတ်ကို ထိန်းပေးနိုင်တဲ့အစွမ်း အပ်မှိုမှာရှိပါတယ်။ ဒါ့အပြင် အဆီကို လောင်ကျွမ်းစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကို မတက်စေပါဘူး။

Source: the nOATbook

တရုတ်နဲ့ ဂျပန် တိုင်းရင်းဆေးတွေထဲမှာ အပ်မှိုကို ထည့်သွင်း အသုံးပြုခဲ့ကြတာ နှစ်ပေါင်းမနည်းလှတော့ပါဘူး။ အသည်းရောဂါ၊ ကိုလက်စထရောမြင့်တဲ့အခါ၊ အစာအိမ်ပြဿနာနဲ့ သွေးဖိအားမြင့်တဲ့ ရောဂါတွေကို ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။ ကိုယ်ခံအား စနစ်ကို မြင့်တင်ပေးနိုင်ပြီး သွေးတွင်းအဆီနဲ့ သကြားဓာတ်ကို ညှိပေးနိုင်တဲ့အတွက် ကောင်းမွန်တဲ့အတွက် ဆီးချိုရောဂါသမားတွေ စားလို့ ရနိုင်တဲ့ မှိုပါ။

အပ်မှိုကို အသုံးပြုတဲ့ အခါ အမြစ်တွေကို သေချာဖြတ်ပစ်ပြီး ဆေးဖို့တော့ လိုပါလိမ့်မယ်။