အရသာရှိတဲ့ ဟင်းလျာတွေ ချက်ပြုတ်ဖို့အတွက် ရာသီအပေါ်မူတည်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ ဘယ်လိုချက်ပြုတ်ရမလဲကို သိရှိဖို့ လိုအပ်ပါတယ်။ ဒီတခါမှာတော့ အရသာရှိတဲ့ဟင်းလျာတွေချက်ပြုတ်ရာမှာ စားဖိုမှူးတွေ သုံးလေ့ရှိတဲ့ လျို့ ဝှက်ချက်တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

အိုးထဲကို စုပြုံပြီး မချက်ပါနဲ့

အသား၊ငါးတွေကနေ ဟင်းသီးဟင်းရွက်တွေ ချက်ပြုတ်ရာမှာ အိုးထဲမှာ ပြည့်လျှံနေအောင် မချက်ဖို့ လိုအပ်ပါတယ်။

ဟင်းမချက်ခင် ဒယ်အိုးကို အရင် ပူအောင် လုပ်မှသာ အရသာကောင်းတဲ့ ဟင်းလျာတွေ ရရှိမှာပါ။ ဒါပေမယ့် ဒယ်အိုးက ပူပေမယ့် အသား၊ငါး၊ အရွက်တွေ စုပြုံထည့်ရင် ဒယ်အိုးရဲ့အပူချိန်က ကျသွားပြီး အရသာကောင်းတဲ့ ဟင်းလျာတွေ ရမှာမဟုတ်ပါဘူး။

ဟင်းသီးဟင်းရွက်တွေကို ကြိုပြီး မလှီးထားပါနဲ့

ဟင်းသီးဟင်းရွက်တွေကို ကြိုပြီး လှီးထားရင် အရည်တွေထွက်ပြီး လေသလပ်လို့ နွှမ်းသွားတတ်ပါတယ်။ ဒါ့ကြောင့် အရသာနဲ့ အာဟာရတွေ ပျက်ကုန်ပါတယ်။ ဟင်းချက်ခါနီးလောက်မှသာ တစ်ခါတည်းလှီးပြီး ချက်ပြုတ်သင့်ပါတယ်။

စွပ်ပြုတ်နဲ့ စတူးတွေအတွက်

အာဟာရတွေ အပြည့်အဝရရှိဖို့အတွက် စွပ်ပြုတ်တွေကို ရေတွေအများကြီးနဲ့မချက်ပြုတ်ပါနဲ့။ ရေတွေအများကြီးနဲ့ မီးပြင်းပြင်းနဲ့ ပြုတ်လိုက်ရင် အာဟာရဓာတ်တွေ ဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့် မီးအေးအေးလေးနဲ့ဘဲ ပြုတ်သင့်ပါတယ်။

ဟင်းချက်နည်း အညွှန်းတွေကို သေချာလေ့လာပါ

စားဖိုမှူးတွေက ဟင်းချက်တာက သူတို့ရဲ့အသက်မွေးဝမ်းကြောင်းဖြစ်တာကြောင့် ဟင်းချက်နည်းတွေကို အမြဲလိုလို လေ့လာကြပါတယ်။

ဒါကြောင့် သူတို့ရဲ့လက်ရာက အမြဲတမ်း တိုးတက်နေတာပါ။ ဟင်းချက်နည်းအညွှန်းတွေ၊ ဟင်းချက်နည်းစနစ်တွေကို ကိုယ်အားတဲ့အချိန်မှာ လေ့လာသင့်ပါတယ်။

ဒီဆောင်းပါးကို ခနောကြက်သားမှုန့်ကနေ ပံ့ပိုးကူညီထားပါတယ်။

ခနောကြက်သားမှုန့်

ခနောကြက်သားမှုန့်က အရသာရှိတဲ့ ဟင်းလျာမျိုးစုံကို ယုံကြည်မှုရှိရှိနဲ့ ချက်ပြုတ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

ခနောကလည်း အိမ်ချက်ဟင်းလျာတွေ အနံ့အရသာနဲ့ ပြည့်စုံပြီး မိသားစုအမှတ်တရဖြစ်တဲ့ ဟင်းလျာတွေဖြစ်အောင် ကူညီပံ့ပိုးပေးဖို့ ရည်ရွယ်ပါတယ်။

ခနောနဲ့ဆိုရင် အရသာရှိပြီး အာဟာရပြည့်ဝတဲ့ မိသားစု ထမင်းဝိုင်းလေး ရရှိပါလိမ့်မယ်။