အနီရောင် အသီးတွေဟာ ကျန်းမာစေနိုင်တဲ့ သတ္တိတွေ ရှိတယ်လို့ သုတေသနပညာရှင်တွေက အတည်ပြုထားပါတယ်။ NCI (National Cancer Institute) ရဲ့ လေ့လာချက်အရ အနီရောင် အသီးတွေမှာ ဗီတာမင်အေ၊ စီ၊ အမျှင်ဓာတ်၊ လိုင်ကိုပိန်း၊ အီလာဂျစ်၊ နဲ့ စွမ်းအင်မြင့် အင်တီအောက်ဆီးဒင့်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အနီရောင် အသီးတွေဟာ အရသာရှိရုံမကဘဲ မထင်မှတ်တဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ၀ိတ်ချဖို့ ကြိုးစားနေသူတွေနဲ့ Healthy Eating ဖြစ်ချင်တဲ့ လူတွေ အတွက်ကတော့ အနီရောင် အသီးအနှံတွေဟာ အကောင်းဆုံးပါ။ အဖုအကျိတ်တွေကို မကြီးထွားစေခြင်း၊ သွေးဖိအားကို ထိန်းပေးနိုင်ခြင်းနဲ့ ကင်ဆာကို ကာကွယ်နိုင်ခြင်း အစွမ်းတွေ ရှိပါတယ်။
အနီရောင် အသီးအနှံအချို့ကတော့
အနီရောင်ချယ်ရီသီး
ဗီတာမင်အေ၊ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ်တွေရဲ့ အရင်းမြစ်လို့တောင် ဆိုလို့ရပါတယ်။ အစာကို ကြေညက်စေပြီး ကင်ဆာနဲ့ ဂေါက်ရောဂါတွေကို တိုက်ခိုက်ပေးပါတယ်။ နာကျင်မှုနဲ့ ရောင်ရမ်းတာတွေကိုလည်း သက်သာစေပါတယ်။
သလဲသီး
သွေးဖိအားကို ထိန်းပေးနိုင်တဲ့ ဓာတ်ပေါင်းတွေနဲ့ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။ လက်ဖက်စိမ်းနဲ့ဝိုင်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်ထက် ၃ဆ ပိုမိုများပြားပါတယ်။
သကြားမုံလာ
အာဟာရဓာတ်ပါဝင်မှု မြင့်မားပြီး ကိုယ်ခံအားကို တိုးမြှင့်စေနိုင်တဲ့ အသီးအနှံတစ်မျိုးပါ။ အမျှင်ဓာတ်နဲ့ သတ္တုဓာတ်၊ ပိုတက်ဆီယမ်တို့ ပါဝင်ပါတယ်။
ငရုတ်ပွသီး အနီ
ကယ်လ်ဆီယမ် ပါဝင်မှု များပြားပါတယ်။ ဗီတာမင်ဘီ၆နဲ့ ဖောလိတ်တို့ဟာ သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။ ကယ်လိုရီကို လောင်ကျွမ်းစေတဲ့ အတွက် ၀ိတ်ချနေသူတွေ စားသုံးဖို့ အဆင်ပြေပါတယ်။
ခရမ်းချဉ်သီး
ဗီတာမင်စီရဲ့ အရင်းအမြစ်ကြီး တစ်ခုပါပဲ။ လွယ်လွယ်ကူကူ ရစေပြီး လုပ်စားရတာ သက်သာပါတယ်။ သူ့မှာ ပါတဲ့ လိုင်ကိုပိန်းဟာ ရင့်ရော်ခြင်းကို တိုက်ဖျက်ပေးပြီး နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။
Credit: Shruti Mishra