ရှားစောင်းလက်ပက်ဆိုတာကတော့ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်ရုံမက အိမ်မှာစိုက်ပျိုးထားရင်လည်း မျက်စိပဒေသာ အေးပါတယ်။

aloe-vera-repot-273x300

ရှားစောင်းလက်ပက်မှာ Antioxidant (ဓါတ်တိုးဆန့်ကျင်ပစ္စည်း) တွေပါဝင်လို့ အရွယ်တင်နုပျိုစေသလို ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေလို့ ဘက်တီးရီးယားပိုးမွှားတွေဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဝက်ခြံ၊ အသားအရေခြောက်တာ စတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေအတွက်လည်း ကောင်းမွန်တာမို့ အလှအပကြိုက်သူတို့ရဲ့ အဖော်မွန်ပါပဲ။

ပျိုးပင်စိုက်မယ်

three_aloe_vera_offsets_in_a_pot

ရှားစောင်းလက်ပက်ပျိုးပင်ကို သဲ၊ အုန်နီခဲအကျိုး၊ မီးသွေး စတာတွေကို မြေကြီးထဲမှာ အနည်းငယ်ရောပြီး စိုက်ပျိုးပေးပါ။ (သစ်ဆွေးတွေတော့ မပါပါစေနဲ့၊ အမြစ်တွေကိုထိခိုက်နိုင်ပါတယ်။)

နွေရာသီအတွင်းမှာလည်း ရေမကြာခဏလောင်းပေးစရာမလိုပါဘူး။ ညဖက်တွေမှာကျတဲ့ဆီးနှင်းတွေကို အရွက်တွေက သိုလှောင်ထားနိုင်လို့ပါ။

aloe-vera-1

ရှားစောင်းလက်ပက်ကို အပူချိန်နိမ့်တဲ့နေရာမှာစိုက်ပျိုးသင့်ပါတယ်။ စင်္ကြ ံမှာ (သို့) အေးတဲ့အခန်းထဲမှာ ထားသင့်ပါတယ်။ တခါတလေမှာ နိုက်ထရိုဂျင်နဲ့ သတ္တုဓါတ်တွေပါဝင်တဲ့ မြေသြဇာကို အသုံးပြုနိုင်ပါတယ်။

အပင်ကိုရွှေ့စိုက်တဲ့နေရာမှာ တစ်ပင်တည်း သီးသန့်ရွှေ့စိုက်မယ်ဆိုရင် ၅ နှစ်သားလောက်အရွယ်မှာ ရွှေ့စိုက်တာက အကောင်းဆုံးပါပဲ။

how-to-grow-aloe-vera

ရှားစောင်းလက်ပက်ကိုရွှေ့စိုက်ရာမှာ ခြောက်သွေ့တဲ့မြေဆီလွှာမှာမစိုက်ရသလို ရေလည်းမလောင်းရပါဘူး။ အပင်ကိုရွှေ့စိုက်မယ်ဆိုရင် အမြစ်ကိုသေချာနှုတ်ပြီး မြေကြီးကိုသန့်စင်ပေးပါ။ အနာဆာရှိတဲ့ အမြစ်တွေကို ဖယ်ရှားပေးပြီး သစ်ရှုးတွေကို မထိခိုက်မိအောင်ဂရုစိုက်ပါ။မကောင်းတဲ့ အမြစ်ကိုဖြတ်ထုတ်ရာမှာ သစ်ရှုးတွေမထိခိုက်စေဖို့ ကပ်ကြေးထက်ထက်ကို အသုံးပြုနိုင်ပါတယ်။

အပင်ကိုစိုက်ပြီးရင် ၅ ရက် (သို့) ၆ ရက်လောက်ရေမလောင်းပါနဲ့။ အပင်စိုက်ထားတဲ့အိုးကိုလည်း နေရိပ်တဲ့နေရာမှာထားပါ။ အပင်ရှင်သန်လာပါလိမ့်မယ်။

အစေ့ကိုစိုက်မယ်

img_20150827_165726

ရှားစောင်းလက်ပက်ကို ဖေဖော်ဝါရီ (သို့) မတ်လ အပူချိန် ၂၁°C မှာ စတင်ပျိုးကြဲစိုက်ပျိုးသင့်ပါတယ်။ သဲ၊ မီးသွေး ၊ အုတ်နီခဲအကျိုး စတာတွေကို ရောပြီး အသုံးပြုသင့်ပါတယ်။ အပင်ပေါက်လာလို့ အရွက် ၂ ရွက်လောက်ထွက်လာပြီဆိုရင် အိုးထဲမှာ ရွှေ့စိုက်လို့ရပါပြီ။