သဘာဝနည်းလမ်းလေးတွေနဲ့ မျက်နှာပေါင်းတင်တာထက် အရေပြားကို ပြန်လည်ကျန်းမာစေတဲ့ အရာ မရှိနိုင်ပါဘူး။ မျက်နှာကို ဖုံးအုပ်ပြီး ပေါင်းတင်တာဟာ အသားအရေ နူးညံ့ တောက်ပစေမဲ့ အလှအပထိန်းသိမ်းနည်း တစ်ခုပါ။
ဆောင်းတွင်းမှာ ဖြစ်တတ်တဲ့ အသားအရေ ခြောက်သွေ့မှုတွေကို သဘာဝနည်းလမ်းလေးတွေနဲ့ အခုပဲ ပေါင်းတင်လိုက်ကြပါစို့။
၁။ ထောပတ်သီးကို အသုံးပြုမယ်
ထောပတ်သီးဟာ ဆောင်းရာသီအတွင်းမှာ ဖြစ်ပေါ်တတ်တဲ့ အသားအရေ ခြောက်သွေ့တာအတွက် အကောင်းဆုံးဖြစ်သလို အသုံးပြုရတာလည်း လွယ်ကူပါတယ်။ ထောပတ်သီးကို သံလွင်ဆီ အနည်းငယ် နဲ့ ရောပြီး နယ်ပေးကာ မျက်နှာပေါ်လိမ်းပေးပါ။ ထောပတ်သီးနဲ့ သံလွင်ဆီမှာ ပါဝင်တဲ့ ဗီတာမင်၊ သတ္တုဓါတ်နဲ့ Antioxidant တွေက ဆောင်းရာသီကြောင့် ခြောက်သွေ့နေတဲ့ အသားအရေကို စိုပြေလန်းဆန်းလာစေမှာဖြစ်ပါတယ်။
၂။ နို့ထွက်ပစ္စည်းလေးတွေနဲ့ ပေါင်းတင်မယ်
အသားအရေ ခြောက်သွေ့နေတာတွေအတွက် ထိရောက်မှုရှိပြီး ပြုလုပ်ရတာလည်း သိပ်ကိုရိုးရှင်းပါတယ်။ ဒိန်ချည်၊ နွားနို့ကို ရောမွှေပြီး မျက်လုံးနားကိုရှောင်ကာ မျက်နှာပေါ် လိမ်းပေးပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိ ထားပြီး ရေအေးနဲ့ မျက်နှာသစ်ပါ။ အခုပြောပြတဲ့ နည်းလမ်းလေးက အသားအရေကို ရေဓါတ်တွေပြန်လည်ဖြည့်တင်းလာမှာဖြစ်သလို နူးညံ့ချော့မွတ်လာမှာဖြစ်ပါတယ်။
၃။ ကြက်ဥအကာနဲ့ မျက်နှာပေါင်းတင်ကြမယ်
ဒီနည်းလမ်းလေးကတော့ ချွေးပေါက်ကျယ်ပြီး အဆီပြန်တဲ့သူတွေအတွက် သင့်တော်တဲ့နည်းလမ်းပါ။ ကြက်ဥနှစ်လုံးက အကာတွေကို မျက်နှာမှာလိမ်းပေးပြီး နာရီဝက်ကနေ တစ်နာရီထိထားကာ မျက်နှာသစ်ပါ။
၎။ ငှက်ပျောသီးကို အသုံးပြုမယ်
(နဖူး၊ နှာခေါင်း၊ မေးစေ့) မှာသာ အဆီပြန်ပြီး မျက်နှာပြရဲ့တခြားနေရာတွေမှာ ခြောက်သွေ့နေတတ်တဲ့ ပေါင်းစပ်အသားအရေ (Combination Skin) အမျိုးအစားရှိသူတွေအတွက် ငှက်ပျောသီးကို ခရင်မ်နဲ့ ရောပြီး မျက်နှာပေါ်မှာ တစ်နာရီခွဲကြာအောင် လိမ်းပေးထားပါ။ အသားအရေ နူးညံ့ချော့မွေ့လာမှာ ဖြစ်ပါတယ်။
၅။ ပျားရည်နဲ့ နွားနို့ရောပြီး ပေါင်းတင်ကြမယ်
ပျားရည်ကို ခွက်ရဲ့တစ်ဝက်လောက်ထည့်ပြီး နွားနို့ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာထည့်ပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်းပေါ်လိမ်းပေးပြီး ၅ မိနစ်လောက်နှိမ့်နယ်ပေးပါ။ အဲဒီနောက် မိနစ် ၂၀ လောက်ထားပြီး ရေနွေးနဲ့ ဆေးချပါ။ ဒီနည်းလမ်းလေးက ဆောင်းရာသီအတွင်းအသားအရေခြောက်သွေ့မှုကို အလွယ်ကူဆုံး ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။
Credit: healthnfood