အစာအိမ် လမ်းကြောင်းအတွက်လည်း ပျားရည်က ကောင်းပါတယ်။ ဗိုက်ဝတာ၊ အစာမကြေတာ၊ အစာအိမ် အချဉ်ဆန်တက်တာတွေ၊ ဝမ်းပျက်ဝမ်းလျှောတာတွေအားလုံးကို သက်သာပျောက်ကင်းအောင် ပျားရည်နဲ့ ကုသလို့ရပါတယ်။

အဲ့ဒီအပြင် ပျားရည်မှာပါဝင်တဲ့ ဓာတ်တွေက အစာအိမ်ဟောင်းထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အစာအိမ်ထဲမှာ ကောင်းမွန်တဲ့ ဘက်တီးရီးယားဓာတ်တွေ ပိုများဖို့ကူညီပေးပါတယ်။

၂၀၁၇ ခုနှစ်၊ Food Quality and Safety ဂျာနယ်မှာထုတ်ဝေခဲ့တဲ့ သုတေသန စာတမ်းအရ ပျားရည်က အစာအိမ်လမ်းကြောင်းထဲမှာ ဘက်တီးရီးယားတွေ ပုံမှန်ဖြစ်အောင် ထိန်းညှိပေးတယ်လို့ ရေးသားထားပါတယ်။

ဝမ်းဗိုက်နာပြီး လေပြည့်လေကယ်ဖြစ်နေရင်

Stomach Pain

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း သို့ ၂ ဇွန်း ကို အစာအိမ်ထဲမှာ ဘာမှ မရှိခင် စားလိုက်ပါ။

အစာအိမ် စနစ်ဆိုင်ရာ ပြဿနာတွေအတွက် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းထဲကို သစ်ကြမ်းပိုးခေါက် အနည်းငယ်ထည့်ပြီး တစ်ပတ်ကို ၃ ကြိမ်လောက်သောက်ပေးပါ။

ဝမ်းပျက်ဝမ်းလျှောဖြစ်နေရင်

ပျားရည် နေ့တိုင်းသောက်ရင်

ဝမ်း ၂ ကြိမ်၊ ၃ ကြိမ်လောက် သွားနေရင် ပျားရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်းလောက်ခပ်ပြီး ရေနွေး စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ဖန်ခွက်ထဲမှာ ဖျော်လိုက်ပါ။

ပြီးရင် သောက်လိုက်ပါ။ တစ်နေ့ကို ၃ ကြိမ်လောက်သောက်ပေးပါ။

ဒါဆိုရင် ဝမ်းပျက်ဝမ်းလျှော၊ ဗိုက်ထဲမှာ တဗုန်းဗုန်းဖြစ်နေတာတွေ လျော့ပါးသက်သာသွားပါလိမ့်မယ်။