အနာသိလျှင် ဆေးရှိတယ်ဆိုတဲ့ စကားအတိုင်းပဲ ကိုယ်ခံစားရတဲ့ဝေဒနာကို အတိအကျသိမယ်ဆိုရင် ထိုရောဂါအတွက် သဘာဝကပေးစွမ်းတဲ့ ဆေးဖက်ဝင်အပင်လေးတွေ အသုံးပြုပြီး မိမိဘာသာဆေးဖော်စပ်ကာ မှီဝဲသောက်သုံးနိုင်ပါတယ်။

ဒါဆိုရင် မီးဖိုချောင်မှာ သင်နေ့စဉ်အသုံးပြုနေတဲ့ ချက်ပြုတ်စရာ၊ စားစရာလေးတွေက သင့်ကျန်းမာရေးအတွက် ဘယ်လောက်ထိတောင် အထောက်အပံ့ပေးနေလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

ကြက်စွပ်ပြုတ်

Sam Gye Tang (Korean Ginseng Chicken Soup)

နေမကောင်းဖြစ်ပြီး အားနည်းတဲ့လူနာကို ကြက်စွပ်ပြုတ် ပြုတ်တိုက်တာ ကြားဖူးနားဝရှိကြမှာပါ။ တကယ်လည်း ကြက်စွပ်ပြုတ်က နေမကောင်းတဲ့လူနာတွေ၊ အထူးသဖြင့် အအေးမိတုပ်ကွေးရောဂါ ခံစားနေရတဲ့လူနာတွေအတွက် အားပြန်ပြည့်စေမယ့် ဆေးစွမ်းကောင်းတစ်လက်ပါပဲ။ သုတေသနလေ့လာတွေ့ရှိချက်များအရ ကြက်စွပ်ပြုတ်က ရောင်ရမ်းမှုကို သက်သာစေပြီး တုပ်ကွေးမိ ဖျားနာခြင်းရဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ လည်ချောင်းနာခြင်း၊ နှာခေါင်းပိတ်ခြင်းတို့ကိုလည်း ဆက်လက်မခံစားရအောင် ဟန့်တားပေးပါတယ်။

ဇီးသီးခြောက်

ဇီးသီးခြောက်တွေက အရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ မကြာသေးမှီကမှ လေ့လာတွေ့ရှိထားတဲ့ သုတေသနစမ်းသပ်ချက်အရ တစ်နေ့ကို ဇီးသီးခြောက် ၁၀ လုံး စားသုံးတဲ့ အမျိုးသမီးများက ပန်းသီးခြောက် စားသုံးတဲ့ အမျိုးသမီးများထက် အရိုးသိပ်သည်းဆ ပိုမိုမြင့်မားပြီး အရိုးရောဂါများ မခံစားရဘူးလို့ သိရှိရပါတယ်။

အုတ်ဂျုံ

နှင်းခူရောဂါ၊ အရေပြားယားယံခြင်းပြဿနာများ ခံစားနေရတဲ့သူအနေနဲ့ အုတ်ဂျုံကို မနက်စာအဖြစ် စားသုံးပေးနိုင်ပါတယ်။ အုတ်ဂျုံထဲမှာ အရေပြားယားယံခြင်းကို သက်သာစေတဲ့ဒြပ်ပေါင်းများ ပါဝင်တာကြောင့် ေ ချိုးမယ်ဆိုရင်လည်း အုတ်ဂျုံနဲ့ ရေချိုးပေးနိုင်ပါတယ်။

အုတ်ဂျုံအနည်းငယ်ကို ပေါင်ဒါအမှုန့်လေးများဖြစ်သွားအောင် ကြိတ်ချေပေးလိုက်ပါ။ ရရှိလာတဲ့အမှုန့်ကို ကြက်သီးနွေးရေနွေးလေးနဲ့ ရောလိုက်တဲ့အခါမှာတော့ နွားနို့အရောင်လေးရလာပါလိမ့်မယ်။ ထိုရေနွေးနွေးလေးနဲ့ ရေချိုးပေးလို့ရတယ်လို့ နယူးယော့ခ်မြို့အခြေစိုက် အရေပြားအထူးကုဆရာဝန် Kavita Mariwalla က အကြံပေးထားပါတယ်။

နောက်နည်းလမ်းတစ်မျိုးကတော့ အုတ်ဂျုံကို အမှုန့်ဖြစ်အောင် မကြိတ်ချေတော့ဘဲ ရေနဲ့ တိုက်ရိုက်ရောကာ ရရှိလာတဲ့အနှစ်များကို ယားယံတဲ့အရေပြားပေါ် လိမ်းကျံပေးလိုက်ပါ။ ၁၀ မိနစ်ပြည့်မှ ရေဆေးချလိုက်ရပါမယ်။

ပင်လယ်ဆား

ဒူးခေါင်း၊ တံတောင်ဆစ်နဲ့ ခြေဖနောင့်က အသားမာများ၊ အမဲကွက်များကို ပျောက်ကင်းအောင် ကုသဖို့အတွက် ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေ ဝယ်သုံးစရာမလိုပါဘူး။ ပင်လယ်ဆား ရှိရုံနဲ့တင် အလုပ်ဖြစ်ပါတယ်။ ပင်လယ်ဆား အနည်းငယ်ကို အုန်းဆီ (သို့) သံလွင်ဆီအနည်းငယ်နဲ့ ရောနှော ပေးလိုက်ပါ။ ရရှိလာတဲ့ အရောအနှောကို အမဲကွက်တွေပေါ် ပွတ်တိုက်ပေးလိုက်တာနဲ့ အသားအရေကို ကြည်လင်စေပြီး အစိုဓာတ်ဖြည့်ပေးမှာပဲဖြစ်ပါတယ်။ အသားအရေခြောက်သွေ့သူများလည်း အသုံးပြုနိုင်ပါတယ်။

Source: health.com