လူတွေတော်တော်များများ ကြွက်သားနာကျင်တာကို ခံစားရလေ့ရှိတတ်ပါတယ်။ ရောဂကျင့်တာ၊ ညအိပ်ချိန်မှာ အနေမထားမမှန်တာ၊ အထိုင်များတာတွေကြောင့် ကြွက်သားနာကျင်တတ်ပါတယ်။ ဒါမှမဟုတ် ဖျားနာနေတဲ့အချိန်မှာလည်း နာကျင်တတ်ပါတယ်။

ဘယ်လိုအကြောင်းကြောင့် ကြွက်သားနာကျင်တာပဲဖြစ်ဖြစ် နနွင်းနဲ့ နာကျင်တာတွေ သက်သာဖို့ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် သက်သောင့်သက်သာဖြစ်ဖို့လည်း ကူညီပေးမှာဖြစ်သလို အကျိုးကျေးဇူးတွေ အများအပြားရရှိလာမှာပါ။

ဂျင်း နှင့် နနွင်း

78363_detailsturmeric-roots-and-a-jar-of-turmeric-powder

ဂျင်းနဲ့ နနွင်းမှာ ရောင်ရမ်းတာကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပြီး အဆစ်နာရောဂါကို ကုသရာမှာ အဓိက အသုံးပြုလေ့ရှိပါတယ်။ ဂျင်းဟာ ဗိုက်အောင့်တာ၊ ရင်ဘတ်အောင့်တာ နဲ့ ခါးနာတာတွေအပါအဝင် ကြွက်သားနာကျင်တာတွေကို သက်သာစေပါတယ်။

အုန်းဆီ

coconut-and-coconut-oil

အုန်းဆီဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာဖြစ်သလို နာကျင်မှုကို သက်သာစေပါတယ်။ အဆစ်နာတာ အအေးမိတာ အစာအိမ်နာတာ အရိုးနာတာ အဆစ်အမြစ်ကိုက်ခဲတာတွေကို သက်သာစေတဲ့ ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့ ဂုဏ်သတ္တိပါဝင်ပါတယ်။

Cayenne Pepper (အာဖရိက-ငရုတ်)

cayennepepper

ငရုတ်သီးဟာ သွေးစီးဆင်းမှုကို လှုံ့ဆော်ပေးပြီး နာကျင်မှုကို သက်သာစေပါတယ်။ ပူပူစပ်စပ်ငရုတ်သီးကို စားသုံးတာဟာ နာကျင်မှုဝေဒနာကို သက်သာစေဖို့ကူညီပေးပါတယ်။

မှတ်ချက်။ ။ မြန်မာပြည်ကထွက်တဲ့ ငရုတ်သီးမှုန့်ကိုလည်း အသုံးပြုလို့ရပါတယ်။

ပြုလုပ်နည်း

ကြွက်သားနာကျင်မှုကို သက်သာစေဖို့ မိနစ် ၂၀ ပဲ အချိန်ယူ ပြုလုပ်ပေးရမှာပါ။

ပါဝင်ပစ္စည်း

lavendaressentialoils660peppermint-oil1beeswax-lip-balmcoconut-oil-wooden-sppoon

  • ဂျင်းမှုန့် (သို့) နနွင်း နှင့်အာဖရိက ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစီ
  • အုန်းဆီ ၁/၂ ခွက်
  • ပူစီနံကရတဲ့ Essential Oil ဆီ ၁၅ စက်
  • Lavender ကရတဲ့ Essential Oil ဆီ ၁၅ စက်
  • ပျားဖယောင်း ၁/၄ ခွက်

မှတ်ချက် ။ ။ Essential Oil တွေကို Market Place မှာ ဝယ်လို့ရနိုင်ပါတယ်။

ပြုလုပ်နည်း

အိုးတစ်လုံးထဲကို ရေ ၂ လက်မခန့်ထည့်ပြီး အပူချိန်အနည်းငယ်ပေးပြီးသယ်ထားပါ။ အဲဒီနောက် ခွက်တစ်လုံးထဲကို ပျားဖယောင်းနဲ့ အုန်းဆီ ထည့်ပြီး အဲဒီခွက်ကို ရေထည့်ထားတဲ့ အိုးထဲကို ထည့်ပေးပါ။

အဲဒီနောက် ဂျင်း သို့ နနွင်း နဲ့ အာဖရိက ငရုတ်သီးမှုန့်ထည့်ပါ။ အဲဒီနောက် မွှေပေးပြီး မီးဖိုပေါ်က ဖယ်ရှားကာ ခဏလောက် အအေးခံထားပါ။ အဲဒီနောက် ပူစီနံကရတဲ့ အဆီ ၁၅ စက် Lavender ဆီ ၁၅ စက် ထည့်ပေးပါ။ အဲဒီနောက် အခုပြုလုပ်ထားတဲ့ အရည်ကို တခြားခွက်တစ်လုံးထဲထည့်ပါ။

အဲဒီအရည်နဲ့ နာကျင်တဲ့ ကြွက်သားပေါ်လိမ်းပြီး နှိပ်နယ်ပေးပါ။