ဝမ်းဗိုက်မှာအဆီရှိမရှိတာ ပိန်တာဝတာနဲ့ မဆိုင်ပါဘူးနော်။ တချို့ဆို လူသာပိန်တာ ဗိုက်မှာတော့ အဆီတွေစုနေတတ်ပါတယ်။ ဝမ်းဗိုက်မှာ အဆီစုနေလို့ စိတ်မညစ်ပါနဲ့တော့။ အိမ်တိုင်းလိုလိုမှာ အမြဲလိုလိုရှိတတ်တဲ့ ဂျင်းနဲ့ ဝမ်းဗိုက်က အဆီတွေကို လျှော့ချနိုင်ပါပြီ။

lose-belly-fat

ဂျင်းမှာ စပ်ဖျင်းဖျင်း အရသာရှိပြီး ကျန်းမာရေအတွက်လည်း အရမ်းကိုအထောက်အကူပြုပါတယ်။ ဂျင်းကို အလုံပိတ် အိုးထဲမှာထည့်ပြီး အေးပြီးမှောင်တဲ့နေရာမှာ သိမ်းဆည်းထားနိုင်ပါတယ်။

(ဂျင်းကို ရေခဲသေတ္တာထဲမှာ ထည့်ပြီး သိမ်းထားပါက ၁ နှစ်လောက် ခံနိုင်ပါတယ်။)

fresh-sliced-and-ground-ginger

ဂျင်းကို ပုံစံ ၂ မျိုးနဲ့ ဈေးထဲမှာ ဝယ်လို့ရပါတယ်။ ဂျင်း အတက် အစိမ်းနဲ့ အမှုန့်ကြိတ်ပြီးသား ဂျင်းတို့ပါပဲ။ ဖြစ်နိုင်ရင် ဂျင်းအတက် အစိမ်း ကို ဝယ်ယူပါ။

ခါးပတ်လည် ဗိုက်တွေမှာ အဆီတွေ ရှိတယ်ဆိုရင် ဂျင်းအစိမ်းကို အမှုန့်ကြိတ်ပြီး ကပ်ထားပေးပါ။ အဲဒီလို ကပ်ထားပေးရင် ဂျင်းမှာရှိတဲ့ အပူဓာတ်က ခါးပတ်လည်က အဆီတွေကို ချေဖျက်သွားနိုင်ပါလိမ့်မယ်။

ginger-body-wraps

ပါဝင်ပစ္စည်းများ

  • လတ်ဆတ်ပြီး ကြိတ်ထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Body Lotion များများ
  • ပလတ်စတစ် အကြည်များ
  • မျက်နှာသုတ်ပုဝါ
  • ခါးမှာ ပတ်လို့ရနိုင်မဲ့ ဆွဲဆန့်လို့ရတဲ့ ပတ်တီး

body-wrap6

ပြုလုပ်နည်း

ရေနွေးပူပူထဲကို မျက်နှာသုတ်ပုဝါ နှစ်လိုက်ပြီး ကိုယ်အဆီချချင်တဲ့ ခါးပတ်လည်ကို ပုဝါနဲ့ သုတ်လိုက်ပါ။ ချွေးပေါက်လေးတွေ ရေနွေးနဲ့ နူးလာတဲ့အထိ ပုဝါနဲ့ ကပ်ပါ။

ဂျင်းအမှုန့်ကို Lotion နဲ့ ရောပြီး အဆီချချင်တဲ့ နေရာမှာ ထူထူလိမ်းပေးပါ။

အဲ့ဒီနေရာကို ပလပ်စတစ်နဲ့ ပတ်ပါ။ ပလပ်စတစ်ပတ်ထားတဲ့အပေါ်ကနေ ကျုံ့နိုင် ချဲ့နိုင် တဲ့ ပတ်တီးနဲ့ ထပ်ပတ်ပါ။

အနည်းဆုံး ၄ နာရီလောက် စည်းထားပါ။ တကယ်လို့ တစ်ညလုံးစည်းထားပြီး အိပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။