ကျန်းမာတဲ့အစားအစာကို အမြဲစားသုံးချင်တယ်ဆိုရင် ဆိုဒီယမ်၊ သကြားဓါတ်နဲ့ အဆီပါဝင်မှုများတဲ့ အမြန်စားအစားအစာ (သို့) အသင့်စား အစားအစာ (Fast Food) တွေကို ရှောင်ဖို့လိုပါတယ်။
လေ့လာတွေ့ရှိမှုအသစ်အရ အမြန်စားအစားအစာ (သို့) အသင့်စား အစားအစာ မှာ Phthalates လို့ခေါ်တဲ့ ဓါတုပစ္စည်းတွေကို တွေ့ရှိရတယ်လို့ဆိုပါတယ်။ အဲဒီဓါတုပစ္စည်းဟာ ဟော်မုန်းကျန်းမာရေးကို ထိခိုက်စေပြီး သုတ်ပိုးအရေအသွက်ကို လျှော့ကျစေပါတယ်။
Environmental Health Perspectives ဂျနယ်မှာ အမြန်စားအစာတွေမှာ ပလတ်စတစ်နဲ့ အလှကုန် ပစ္စည်းတွေထဲမှာ တွေ့ရတတ်တဲ့ သားလိတ် (Phthalates) ဓာတ်ပါဝင်မှုမြင့်မားတယ်လို ဖော်ပြထားပါတယ်။
အဲဒီဓါတ်ဟာ အမျိုးသားတွေအတွက် ဟော်မုန်း ထိခိုက်စေရုံသာမက သုတ်ပိုး အရည်အသွေးနဲ့ ပမာဏကို လျော့ကျစေသလို အမျိုးသမီးတွေရဲ့ မျိုးဆက်ပွား ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဒါ့အပြင် သားလိတ်ဟာ ဟော်မုန်း အကြား ဟန်ချက်ညီမျှမှုကို အဟန့်အတားဖြစ်စေတာကြောင့် အမျိုးသမီးတွေမှာ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေပါတယ်။
အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ် Milken ပြည်သူ့ကျန်းမာရေး အင်စတီကျု့စ် ကျောင်းရှိ သဘာဝပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်ကျန်းမာရေးဌာနက လက်ထောက်ကထိကတစ်ဦးဖြစ်သူ Ami Zota က အမြန်စားအစာတွေမှာ အဲဒီ ဓါတုပစ္စည်းကိုတွေ့ရပြီး ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေတယ်လို့ ပြောပါတယ်။
အစောပိုင်းလေ့လာတွေ့ရှိမှုအရ ပလတ်စတစ်ဓါတုပစ္စည်းတွေဖြစ်တဲ့ Phthalates နဲ့ Bisphenol A နဲ့ အသင့်စားအစားအစာတွေဟာ အထူးစိုးရိမ်စရာဖြစ်တယ်ဆိုတာ ဖော်ပြခဲ့တာပါ။ လေ့လာမှုအသစ်မှာတော့ အသင့်စား အစာအစာတွေကို အဓိက သုတေသနပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ဒီလေ့လာမှုကို Zota နဲ့ သူ့သူငယ်ချင်းဖြစ်သူက လူပေါင်း ၈၈၀၀ ကျော်ကိုရဲ့ ဆီးနမူနာကိုယူပြီး စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။
Phthalates မှာ DEHP နဲ့ DINPဆိုပြီး ၂ မျိုးရှိပြီး ရင်ကြပ်ရောဂါ၊ ဟော်မုန်းများမှန်မှန်ကန်ကန် အလုပ်မလုပ် နိုင်ခြင်း၊ နှင့် မြုံ ခြင်း စတာတွေကို ဖြစ်နိုင်ပါတယ်။
အသင့်စား အစားအစာစားသုံးသူတွေဟာ အစားတဲ့သူတွေထက် DEHP ပါဝင်မှု ၄၀ % ထိ မြင့်မားနေတာကို တွေ့ရှိရပါတယ်။ ဒါ့ကြောင့် အမြန်စားအစာတွေကို ရှောင်ကျဉ်သင့်ပါတယ်။
Credit: time.com