ဈေးထဲမှာ ပျားရည်အစစ်ရမယ်ဆိုပြီး ရောင်းနေကြပေမဲ့ သာမန်သူတစ်ဦးအနေနဲ့ ပျားရည် စစ်မစစ်ကို ဘယ်လိုသိနိုင်မလဲ။
ပျားရည်ကို မဝယ်မိခင်မှာ စစ်မစစ် ကိုအရင်စမ်းသတ်ပြီးမှ ဝယ်စေချင်ပါတယ်။
လက်မနဲ့ စမ်းသတ်မယ်
ပျားရည်အနည်းငယ်ကို လက်မပေါ် တင်လိုက်ပါ။
ပျားရည်က အလွယ်တကူပဲ ပျံ့သွားတယ် (သို့) အောက်ကို ပြန်ကျသွားတယ်ဆိုရင် ဒါက မစစ်ပါဘူး။
ပျားရည်အစစ်ဆိုရင် လက်မပေါ်မှာ နဂိုအတိုင်းရှိနေမှာပါ။ ဇွန်းနဲ့ စမ်းသတ်လည်းရပါတယ်။
ပျားရည် အစစ်ဆိုရင် တော်ရုံနဲ့ ဇွန်းပေါ်ကနေ ချက်ချင်း အောက်ကို ပြန်ကျမှာမဟုတ်ပါဘူး။
ရေနဲ့ စမ်းသတ်မယ်
ခွက်တစ်လုံးထဲမှာ ရေထည့်လိုက်ပါ။
ပြီးရင် ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်း ထည့်လိုက်ပါ။
ပျားရည်အတုဆိုရင်ဆိုရင် ရေထဲမှာ အလွယ်တကူပျော်ဝင်သွားမှာဖြစ်ပါတယ်။
ပျားရည်အစစ်ဆိုရင်တော့ ရေအောက်ကို နစ်မြုပ်သွားပြီး တော်ရုံနဲ့ မပျော်ဝင်ပါဘူး။
မီးနဲ့ စမ်းသတ်မယ်
အော်ဂဲလ်နစ် ပျားရည်က မီးလောင်လွယ်တယ်ဆိုတာ သင်သိပါသလား။ ၁၀၀ % သန့်စင်တဲ့ အော်ဂဲလ်နစ်ပျားရည်ဟုတ်မဟုတ်သိရဖို့ စမ်းသတ်လို့ရပါတယ်။
သစ်သားခြောက် အသေးတစ်ခု (သို့) နားဂျက်တံကိုယူပါ။
ပြီးရင် ပျားရည်နဲ့ တို့လိုက်ပါ။ (သို့) ပျားရည် နည်းနည်းတင်ကြည့်ပါ။
ပြီးရင် မီးရှို့ပေးလိုက်ပါ။
ပျားည်အသစ်ဆိုရင် မီးလောင်သွားပါမယ်။ ပျားရည်အတုဆိုရင်တော့ တခြားအစိုဓါတ်တွေပါဝင်လို့ မီးလောင်မှာမဟုတ်ပါဘူး။