အသီးအနှံတွေ ကိုယ်တိုင် ဖျော်သောက်ရတာတော့ ကြိုက်ပေမယ့် ပြန်ဆေးရတာ လက်ဝင်လို့ စာရေးသူလည်း စိတ်ညစ်လို့ ဖျော်မသောက်ဖြစ် တော့ပါဘူး။ အခုနောက်ပိုင်းတော့ ဖျော်စက် (Blender) ကို အလွယ်တကူ ဆေးနိုင်တဲ့ နည်းလမ်းကို ဖတ်မိခဲ့ပါတယ်။ ပြန်လည် ဝေမျှပေးချင် ပါတယ်နော်။

ရေနွေးနွေးလေးရယ်၊ ဆပ်ပြာရယ်ဘဲ လိုပါတယ်။ အနံ့အသက်လေးပိုကောင်းစေချင်ရင် ရှာလကာရည် သို့ သံပုရာသီးထည့်ပေးပါ။

ပထမဆုံး ညစ်ပေနေတဲ့ ဖျော်စက်ထဲကို ရေနွေးနွေး ထည့်လိုက်ပါ။ ရေကို တစ်ဝက်လောက်ဘဲထည့်ပါ။

ဆပ်ပြာအရည်ကို ၂ စက်၊ ၃ စက်လောက်ထည့်လိုက်ပါ။ သံပုရာသီး ညှစ်ထည့်လိုက်ပါ။

ဖျော်စက်မှုကို ဖွင့်ပြီး မွှေလိုက်ပါ။ ၁၀ စက္ကန့်လောက်မွှေလိုက်ပါ။

ရေနွေးနွေးတွေကို သွန်လိုက်ပြီး၊ တခြား ရေနွေးကိုထည့်ပြီး ဆပ်ပြာကုန်အောင် ခလောက်ပြီးဆေးလိုက်ပါ။ ဒါဆိုရင် သန့်စင်မွှေးကြိုင်နေတဲ့ ဖျော်စက်လေးရပြီနော်။

Photos Credit: the Kitchen