မုန့်ဖုတ်ဆိုဒါက အစားအစာချက်ပြုတ်ရာမှာ အသုံးဝင်ရုံသာမက အလှကုန်ပစ္စည်းတစ်မျိုးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့်တော့ အလှအပကို ချစ်မြတ်နိုးကြသူတို့ရဲ့ အားထားစရာ အလှကုန်ပစ္စည်းတစ်မျိုးပါပဲ။

ဝက်ခြံ

11-effective-ways-to-use-baking-soda-for-treating-acne1

ဝက်ခြံကို သဘာဝနည်းလမ်းနဲ့ ဖယ်ရှားတဲ့နည်းတွေ အများကြီးရှိတဲ့အထဲမှာ မုန့်ဖုတ်ဆိုဒါလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဝက်ခြံကြောင့် ကျန်ရစ်ခဲ့တဲ့ အမာရွတ်တွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

ပြုလုပ်နည်း

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ခွက်သေးတစ်လုံးထဲထည့်ပါ။

အဲဒီနောက် ရေ ၁ စက်လောက် ရောပါ။

သေချာမွှေပေးပါ။ ရေကို အများကြီးမထည့်ပါနဲ့။

အဲဒီနောက် မျက်နှာပေါ်က ၀က်ခြံပေါ်က အမာရွတ်ကို ညင်သာစွာ ပွတ်လိမ်းပေးပါ။

၂ မိနစ်လောက်ထားပြီး မျက်နှာသစ်ချပါ။

မျက်ကွင်းညိုခြင်း

home-remedies-dark-circles-625_625x350_61442489021

baking-soda-water

အကောင်းဆုံး သဘာဝမျက်နှာပေါင်းတင်တဲ့ ပစ္စည်းမှာ မုန့်ဖုတ်ဆိုဒါလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ မျက်ကွင်းညိုတာတွေ ပျောက်ကင်းစေဖို့ မုန့်ဖုတ်ဆိုဒါလည်း ပြုလုပ်နိုင်မဲ့နည်းလမ်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပြုလုပ်နည်း

ရေနွေးပူပူတစ်ခွက်ထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပါ။

အဲဒီနောက် မွှေလိုက်ပြီး ၀ါဂွမ်းစ ၂ ခုကို အဲဒီအရည်ထဲမှာ နှစ်ပေးပါ။ အဲဒီနောက် ၁၅ မိနစ်လောက် မျက်လုံးပေါ်မှာ တင်ထားပေးပါ။ ၁၅ မိနစ်လောက် တင်ထားပြီးရင် မျက်နှာသစ်ပြီး Moisture ခရင်မ် လိမ်းပေးထားပါ။

စာဖတ်သူတွေအတွက် ထိခိုက်မှုအနည်းဆုံးဖြစ်တဲ့ သဘာဝနည်းလမ်းကို မျှဝေခဲ့တာဖြစ်ပါတယ်။ ဓါတုပစ္စည်းတွေ အသုံးပြုစရာမလိုဘဲ သဘာဝနည်းလမ်းလေးနဲ့ အဆင်ပြေကြပါစေ။