ကြက်ပေါင်သားကို အရိုးထုတ်ပြီး ချက်ချင်တဲ့ဟင်းလျာတွေ ရှိတဲ့အခါမှာ အလွယ်တကူ အရိုးထုတ်နိုင်တဲ့နည်းလမ်းကို ဝေမျှချင်ပါတယ်။

အဆင့်(၁)။ အဆစ်နေရာကို ရှာလိုက်ပါ။

အရင်ဆုံး ကြက်ပေါင်နဲ့ ခြေထောက်ကြားဆက်ထားတဲ့ အဆစ်နေရာကို ရှာလိုက်ပါ။ လက်မကို အရိုးရဲ့အဆစ်နေရာနားမှာထားပြီး ရှာလိုက်ပါ။

အဆင့် (၂)။ အဆစ်ကို ဓားနဲ့လှီးပြီး ဖြုတ်လိုက်ပါ။

အဆစ်နေရာကို ဓားနဲ့လှီးပြီး ဖြုတ်လိုက်ပါ။

အဆင့် (၃)။ ပြတ်ခါနီး ခြေထောက်နဲ့ပေါင်သားကို ဆွဲထုတ်လိုက်ပါ။

အဆင့် (၄)။ အရေပြားကို ဖယ်လိုက်ပါ။

အဆင့် (၅)။ အဆီတွေကို လှီးထုတ်လိုက်ပါ။

အဆင့် (၆) အရိုးကို ရှာပါ။

အရိုးကို လက်နဲ့ စမ်းသပ်ရှာလိုက်ပါ။

အဆင့် (၇) အရိုးဘေးနားကအသားတွေကို လှီးထုတ်လိုက်ပါ

အဆင့် (၈) အရိုးကို ထုတ်လို့ရအောင် ဘေးနားကအသားလေးတွေ အနည်းငယ်လှီးပြီး ထုတ်ပါ။

အဆင့် (၉ ) အရိုးကို လက်နဲ့ တစ်ဖက်ကဆွဲထုတ်ရင်း ကပ်နေတဲ့အသားတွေကို ဓားနဲ့လှီးလိုက်ပါ။

ကြက်ပေါင်သားကို ဘယ်လို အရိုးထုတ်မလဲ

Photos Credit: Serious Eats