ကညွှတ်ကို မြန်မာလူမျိုးတွေ တော်တော်များများကြိုက်နှစ်သက်ကြပါတယ်။ အာဟာရဓါတ်ကြွယ်ဝပြီး အရသာရှိတဲ့အပြင် ကျန်းမာရေးနဲ့ညီညွှတ်တာကြောင့်လည်း စားသုံးသင့်ပါတယ်။ လေ့လာတွေ့ရှိမှုအရ ကညွှတ်မှာ အင်ဆူလင်ပမာဏကို ညီမျှစေပြီး ဆီးချိုဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

Asparagus

အင်ဆူလင်ပမာဏ ညီမျှခြင်းက ကျန်းမာရေးအတွက် တကယ်ကိုအရေးကြီးသလို သက်ရှည်ကျန်းမာတဲ့ ဘဝအတွက်လည်း တကယ်ကိုအရေးပါပါတယ်။

ဒီတော့ ကညွှတ်ပင်ကို အလွယ်တကူစိုက်ပျိုးလိုက်ကြရအောင်။

learn-how-to-grow-endless-supply-of-asparagus-500x267

ကညွှတ်ပင်ကို အမြစ်နဲ့စိုက်ပျိုးနိုင်သလို အစေ့နဲ့လည်းစိုက်ပျိုးကြပါတယ်။ အဓိကအားဖြင့်တော့ အမြစ်ကိုယူပြီး စိုက်ပျိုးကြပါတယ်။ အစေ့ကိုစိုက်မယ်ဆိုရင်တော့ အညှေင့်ထွက်လာဖို့ ၃ ပတ်အချိန်ယူရပါတယ်။

pl2000016101_card_lg

ကညွှတ်ပင်ဟာ နေရောင်ချည်ကို ကြိုက်နှစ်သက်ပြီး ဘယ်နေရာဒေသမှာမဆို စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးမယ်ဆိုရင် ကျယ်ပြန့်ပြီးမြေစီလွှာကောင်းတဲ့ မြေမျိုးဖြစ်ရမှာပါ။ ဘာလို့လဲဆိုတော့ ကညွှတ်ပင်ဟာ တစ်ခါစိုက်ပြီးရင် နှစ် ၂၀ လောက်စားသုံးနိုင်လို့ပါ။အရိပ်မကျဘဲ နေရောင်ချည်အပြည့်အဝရတဲ့နေရာကို ရွေးချယ်ရပါမယ်။

ဘယ်လိုစိုက်ပျိုးမလဲ

မြေကြီးကို ၁၂ လက်မအကျယ် ၆ လက်မအနက် တူးပေးပါ။ အမြစ်မှာ သေနေတဲ့အပိုင်းကိုဖယ်ပြီး အလယ်က ချိုင့်ထဲမှာ ထည့်ပေးပါ။ စိုက်ပျိုးတဲ့အခါ အပင်တစ်ခုနဲ့တစ်ခုကြား ၁၂ လက်မကနေ ၁၈ လက်မလောက်ခြားပြီးစိုက်ပေးပါ။ အဲဒီနောက် အမြစ်ကို မြေကြီး ၂ လက်မလောက် ဖုံးလိုက်ပြီး ရေလောင်းပေးပါ။

ထိန်းသိမ်းခြင်း

Grow-Asparagus-Planting-Asparagus-Roots-From-White.jpg_350x350

ရေစီးရေလာကောင်းတဲ့နေရာမှာ စိုက်ပျိုးရမှာဖြစ်သလို စိုက်ပြီးပြီးချင်း အပတ်တိုင်း နံနက်ကို ရေ အနည်းဆုံး ၁ ခါ (သို့) ၂ ခါ လောင်းပေးပါ။ မိုးရာသီမှာတော့ ရေမလောင်းပါနဲ့။ အပင်က ၄ နှစ်သားလောက်ရောက်လာပြီးဆိုရင် ၂ ပတ် (သို့) ၃ ပတ်မှာ မှ တစ်ခါ ရေလောင်းပါ။

ရိတ်သိမ်းခြင်း

cutting-asparagus-at-root

အပင်က မြေကြီးပေါ်ကနေ ၈ လက်မ ၉ လက်မလောက် ရှည်လာမယ့် ၃ နှစ် သားအရွယ်လောက်ဆိုရင် စပြီး ခူးစွတ်နိုင်ပါပြီ။ အပင် အမြစ်ခိုင်စေဖို့ ပထမ ၂ နှစ် အတွင်းမှာ လုံး၀ ခူးလို့မရပါဘူး။ ဘာလို့လဲဆိုတော့ အမြစ်မခိုင်သေးလို့ပါ။ အပင်ကို ရိတ်သိမ်းတဲ့အခါ မြေစီလွှာရဲ့ အပေါ်ကနေ ဖြတ်ယူပေးရမှာဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းတွေက ထပ်ပြီး ရှည်လာမှာပါ။