[Unicode]
မင်းကွပ်သီးအခွံမှာ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ ပြည့်ဝစွာပါဝင်ပါတယ်။ မင်းကွပ်သီးအခွံကို ဒီအတိုင်းစားမယ်ဆိုရင် ခါးသက်သက်ကြီးဖြစ်နေမှာပါ။ ဒီတော့ အိမ်မှာအလွယ်တကူပြုလုပ်နိုင်ပါတယ်။
ပြုလုပ်နည်း
မင်းကွပ်သီးမှည့် ၁ လုံး (သို့) ၂ လုံးကိုယူပြီး ရေသေချာဆေးပါ။
ပြီးရင် အထဲက စားလို့ရတဲ့ အစေ့ကိုထုတ်လိုက်ပါ။ သီးသန့်စားလို့ရသလို ဖျော်ရည်မှာ ထည့်ပြီးလည်းသောက်နိုင်ပါတယ်။ ပြီးရင် ဇွန်းကိုသုံးပြီး အခွံအတွင်းက နူးညံ့တဲ့အသားကို ခြစ်ယူပေးပါ။ အပြင်အခွံမာကိုတော့ မစားရပါဘူး။
ခြစ်ယူပြီးရင် ရေနွေး နဲ့ ပွက်ပွက်ဆူအောင် ၂ မိနစ် ၃ မိနစ်လောက်သည်ပေးပါ။ အခါးတွေထွက်သွားဖို့ဖြစ်ပါတယ်။ ပြီးရင်တော့ ရေထဲကဆယ်ယူလိုက်ပြီး ဖျော်စက်ထဲထည့်ပါ။
ပြုတ်ထားတဲ့အရည် ၁၀၀ မီလီလီတာ၊ ရေသန့် (သို့) ရေခဲရေ ၁၀၀ မီလီလီတာ၊ ပျားရည်ကိုလည်း ဖျော်စက်ထဲထည့်လိုက်ပါ။ တခြားသီးနှံတွေဖြစ်တဲ့ ထောပတ်သီး၊ စတော်ဘယ်ရီ၊ နာနတ်သီး၊ သံပုယိုသီး တစ်မျိုးမျိုးကိုလည်း ထည့်သွင်းနိုင်ပါတယ်။ ပြီးရင် လုံး၀ ကြေညက်သွားတဲ့ထိဖျော်ပေးပါ။
ပြီးရင်ခွက်တစ်လုံးထဲထည့်ပြီး ချက်ချင်းသောက်ပေးပါ။ ဒါမှမဟုတ်လည်း လေလုံတဲ့ ဘူးတစ်လုံးထဲထည့်ပြီး ရေခဲသေတာထဲမှာ ထည့်ထားပြီးသောက်ပေးနိုင်ပါတယ်။ မင်းကွပ်သီးအခွံဖျော်ရည်ကို အစားအစာပြီးမှသောက်ပေးပါ။ မစားရသေးခင်မှာမသောက်ပါနဲ့။ မင်းကွပ်သီးခွံမှာပါတဲ့ အက်ဆစ်ဓါတ်တစ်မျိုးက အစာအိမ်ကို အက်ဆစ်ဓါတ်ပုံပြီး ထုတ်ပေးမှာစိုးလို့ပါ။
နောက်တစ်နည်းကတော့
မင်းကွပ်သီးအထဲက အခွံကိုဇွန်းနဲ့သေချာခြစ်ယူပြီး ဖျော်စက်ထဲထည့်ကာဖျော်ပေးပါ။ ပျားရည်၊ သကြားနဲ့ ရေကိုအနေတော်ထည့်ပါ။ သကြားမစားတဲ့သူတွေ ပျားရည်များများထည့်ပါ။
[Zawgyi]
မင္းကြပ္သီးအခြံမွာ ဗီတာမင္နဲ႔ အာဟာရဓါတ္ေတြ ျပည့္၀စြာပါ၀င္ပါတယ္။ မင္းကြပ္သီးအခြံကို ဒီအတိုင္းစားမယ္ဆိုရင္ ခါးသက္သက္ႀကီးျဖစ္ေနမွာပါ။ ဒီေတာ့ အိမ္မွာအလြယ္တကူျပဳလုပ္ႏိုင္ပါတယ္။
ျပဳလုပ္နည္း
မင္းကြပ္သီးမွည့္ ၁ လံုး (သို႔) ၂ လံုးကိုယူၿပီး ေရေသခ်ာေဆးပါ။
ၿပီးရင္ အထဲက စားလို႔ရတဲ့ အေစ့ကိုထုတ္လိုက္ပါ။ သီးသန္႔စားလို႔ရသလို ေဖ်ာ္ရည္မွာ ထည့္ၿပီးလည္းေသာက္ႏိုင္ပါတယ္။ ၿပီးရင္ ဇြန္းကိုသံုးၿပီး အခြံအတြင္းက ႏူးညံ့တဲ့အသားကို ျခစ္ယူေပးပါ။ အျပင္အခြံမာကိုေတာ့ မစားရပါဘူး။
ျခစ္ယူၿပီးရင္ ေရေႏြး နဲ႔ ပြက္ပြက္ဆူေအာင္ ၂ မိနစ္ ၃ မိနစ္ေလာက္သည္ေပးပါ။ အခါးေတြထြက္သြားဖို႔ျဖစ္ပါတယ္။ ၿပီးရင္ေတာ့ ေရထဲကဆယ္ယူလိုက္ၿပီး ေဖ်ာ္စက္ထဲထည့္ပါ။
ျပဳတ္ထားတဲ့အရည္ ၁၀၀ မီလီလီတာ၊ ေရသန္႔ (သို႔) ေရခဲေရ ၁၀၀ မီလီလီတာ၊ ပ်ားရည္ကိုလည္း ေဖ်ာ္စက္ထဲထည့္လိုက္ပါ။ တျခားသီးႏွံေတြျဖစ္တဲ့ ေထာပတ္သီး၊ စေတာ္ဘယ္ရီ၊ နာနတ္သီး၊ သံပုယုိသီး တစ္မ်ိဳးမ်ိဳးကိုလည္း ထည့္သြင္းႏိုင္ပါတယ္။ ၿပီးရင္ လံုး၀ ေၾကညက္သြားတဲ့ထိေဖ်ာ္ေပးပါ။
ၿပီးရင္ခြက္တစ္လံုးထဲထည့္ၿပီး ခ်က္ခ်င္းေသာက္ေပးပါ။ ဒါမွမဟုတ္လည္း ေလလံုတဲ့ ဘူးတစ္လံုးထဲထည့္ၿပီး ေရခဲေသတာထဲမွာ ထည့္ထားၿပီးေသာက္ေပးႏိုင္ပါတယ္။ မင္းကြပ္သီးအခြံေဖ်ာ္ရည္ကို အစားအစာၿပီးမွေသာက္ေပးပါ။ မစားရေသးခင္မွာမေသာက္ပါနဲ႔။ မင္းကြပ္သီးခြံမွာပါတဲ့ အက္ဆစ္ဓါတ္တစ္မ်ိဳးက အစာအိမ္ကို အက္ဆစ္ဓါတ္ပံုၿပီး ထုတ္ေပးမွာစိုးလို႔ပါ။
ေနာက္တစ္နည္းကေတာ့
မင္းကြပ္သီးအထဲက အခြံကိုဇြန္းနဲ႔ေသခ်ာျခစ္ယူၿပီး ေဖ်ာ္စက္ထဲထည့္ကာေဖ်ာ္ေပးပါ။ ပ်ားရည္၊ သၾကားနဲ႔ ေရကိုအေနေတာ္ထည့္ပါ။ သၾကားမစားတဲ့သူေတြ ပ်ားရည္မ်ားမ်ားထည့္ပါ။