အိပ်နေရင်း ခြေထောက် ကြွက်တက်ခြင်း ကြုံဖူးသူတွေဟာ ခံရအတော်ခက်ကြောင်း သိကြပါတယ်။ အင်မတန် နာကျင်ပြီး နေရထိုင်ရ မသက်သာလှပါဘူး။ အိပ်နေချိန်တွေမှာ ခြေထောက်ကြွက်မတက်ရအောင် အိမ်တွင်းနည်းလေးတွေနဲ့ ပြင်ဆင်ထားရင် အဆင်ပြေလှပါပြီ။
- အိပ်ရာမဝင်ခင် နွားနို့ပူပူ တစ်ခွက် သောက်တာက ခြေသလုံးကြွက် တက်တဲ့ ဝေဒနာကို သက်သာစေတဲ့ ထိရောက်တဲ့ နည်းပါ။
- အိပ်ရာမဝင်ခင် ကြက်သီးနွေး ရေချိုး တာက ခြေသလုံးကြွက် တက်တာကို သက်သာစေတဲ့ နည်းလမ်းကောင်း တစ်ခု ပါ။ ကြွက်တက်ပြီး နာကျင်နေတဲ့ ခြေ သလုံးနေရာကို ကြက်သီးနွေးရေ များများ လောင်းချပေး ရပါမယ်။
- အိပ်ရာထဲ ရှိနေချိန်မှာ တတ်နိုင်သ လောက် ခြေထောက်ကို ဆွဲဆန့်ပေးပါ။ ပြီးရင် အဲဒီအနေ အထားနဲ့ နာရီဝက်ခန့် နေပေးပါ။ မတ်တတ်ရပ်နေစဉ် ခြေဖနောင့် ကို ကြမ်းပြင်ပေါ် ချထားပေးပြီး ခြေ ချောင်းတွေကို အပေါ်ကို ကော့ထားပါ။ ဒါက ခြေသလုံးကြွက် တက်တာ အတွက် နည်းလမ်းကောင်း ဖြစ်ပါတယ်။
- ခြေသလုံးကြွက်တက်ရင် နံရံပေါ်မှာ ခြေချောင်းတွေ ဖိထားရင်း ခြေတံကောက် ကြွက်သားတွေကို ဆွဲဆန့်ပေးပါ။
- ကြွက်တက်တဲ့ ခြေသလုံးပေါ် ရေနွေး အိတ် တင်ပေးတာကလည်း သက်သာ စေတဲ့ နည်းဖြစ်ပါတယ်။
- တစ်နေ့ ငှက်ပျောသီး ၂-၃လုံးစားပါ။ ဒါဆိုရင် ပိုတက်စီယမ်စုပ်ယူမှု ရရှိပြီး ကြွက်တက်တာကို သက်သာစေပါတယ်။
- တစ်နေ့ ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းစား တာကြောင့် ခြေသလုံးကြွက် တက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။
- ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂ နီဆီယမ်တို့ များများ ပါဝင်တဲ့ အစားအ စာတွေကို စားပေးပါ။
- ခြေသလုံးကြွက်တက်တဲ့ နေရာကို လာ ဗန်ဒါဆီ၊ ယူကလစ်ဆီစတဲ့ မရှိမဖြစ်ဆီ တို့သုံးပြီး နှိပ်ပေးလိုက်ပါ။ ဒီလိုနှိပ်ပြီး ရေ နွေးဆွတ်ထားတဲ့ တဘက်တစ်ထည်နဲ့ ပတ်ပေးရပါမယ်။
ကျန်းမာရေးစာတိုများစုစည်းမှု