အားလုံးပဲမင်္ဂလာပါနော်။ အခုက တုပ်ကွေးရာသီရောက်ပြီဆိုရင် ကျန်းမာရေးအတွက် သိပ်ကို စိတ်ညစ်ရပါတယ်။ ဘာမှမဖြစ်ရင်တော့ ပြဿနာမရှိပေမယ့် ဖြစ်လာပြီဆိုရင်တော့ သေချာဆေးကုသမှု ခံယူကြရပါတယ်။ ကိုယ်တစ်ယောက်တည်းသာမက ကိုယ့်ရဲ့ မိသားစုဝင် သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် တွေကိုပါ ကူးစက်စေနိုင်တာမို့ ကိုယ်ကစပြီး မဖြစ်တာ အကောင်းဆုံးပါပဲ။

ဒါပေမယ့် ကြိုတင်ကာကွယ်လို့ရပါတယ်။ တုပ်ကွေးမဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်နော်။

၁။ ကာကွယ်ဆေးထိုးပါ

၂။ နှာစေး၊ ချောင်းဆိုးတဲ့အခါ ပုဝါ (သို့) အင်္ကျီလက်နဲ့ အုပ်ထားပါ

၃။ အဲဒီလက်နဲ့ သင့်ရဲ့ မျက်လုံး ၊ နှာခေါင်း ၊ ပါးစပ်တို့ကို မထိတွေ့ပါနဲ့

၎။ လက်ကိုမကြာခဏဆေးကြောပါ

၅။ နာမကျန်းဖြစ်နေသူရဲ့ အနားကနေ အနီးကပ် စကားပြောခြင်းကနေ ရှောင်ကျဉ်ပါ

၆။ အိမ်ကို သန့်ရှင်းအောင်ထားပါ

၇။ ကျန်းမာတဲ့ လူနေမှုဘဝကို ရွေးချယ်ပါ (လေ့ကျင့်ခန်းလုပ်ပါ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ)

By: MyFood Myanmar