အထူးသဖြင့်တော့ ဆေးရုံးဆေးခန်းသွားလို့အဆင်မပြေတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အဖျားအရမ်းတက်နေလို့ အဖျားကျဖို့အတွက် တစ်ခုခု လုပ်ပေးရမယ်ဆိုရင် မိဘတွေအနေနဲ့ ပျာယာခတ်သွားတတ်ပါတယ်။ ဒါပေမယ့် အသုံးဝင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

နည်းလမ်းများ

ခြေမျက်စိမှာ တဘက် (သို့) အဝတ်စအစိုကပ်ပေးပါ

31b58efd088ef7ea00683ff774ccc073--health-remedies-home-remedies

ကလေးတွေအတွက် အဖျားကျဖို့သင့်တော်တဲ့ နည်းလမ်းပါပဲ။ ခြေအိတ် (သို့) တဘက် (သို့) အဝတ်စတစ်ခုခုကို ရေစွတ်ပြီး ခြေမျက်စိနားတစ်ဝိုက်မှာ ကပ်ထားပေးပါ။ ရေစိုနေတဲ့ အဝတ်စခြောက်သွားရင် နောက်တခါ ထပ်ပြီးရေစွတ်ပေးပြီးလုပ်ပေးပါ။

ရေနွေးနဲ့ ရေချိုးပေးပါ

Warm-Or-Cold-Bath-To-Reduce-Fever

ရေနွေးနွေးလေးနဲ့ မိနစ်အနည်းငယ်လောက် ရေချိုးပေးတာဟာလည်း အဖျားကျစေပါတယ်။ ဒါကတော့ လူကြီးတွေအတွက် ပိုသင့်တော်ပါတယ်။ ရေအေးနဲ့ ချိုးပေးလည်းရပါတယ်။

ရေများများသောက်လိုက်ပါ

Ginger-Tea-To-Reduce-Fever

အဖျားတက်တဲ့အခါ ရေဓာတ်ခမ်းခြောက်တတ်ကြပါတယ်။ အဲဒါကြောင့် ရေးများများသောက်ပေးဖို့လိုအပ်ပါတယ်။ ရေ၊ ရေနွေးကြမ်း ၊ ဂျင်းရေနွေးကြမ်း (သို့) သဘာဝသစ်သီးဖျော်ရည်သောက်ပေးနိုင်ပါတယ်။

နဖူးနဲ့ လည်ပင်းနားကို အဝတ်စနဲ့တိုက်ပေးပါ

fever-become-dangerous_7c688acb897362a

နဖူးနားနဲ့ လည်ပင်းနားကို အဝတ်စတစ်ခုရေအေးအေးနဲ့စွတ်ပြီး အုံပေး တိုက်ပေးပါ။ တကယ်လို့များ အဝတ်စက ပူလာရင် ရေအေးထပ်ပြီးစိမ်ပြီး ရေညှစ်ကာ ကပ်ပေးပါ။

အစားအများကြီးမစားပါနဲ့

အစားအများကြီးစားတာထက် အရည်သောက်တာက ပိုပြီးကောင်းမွန်ပါတယ်။ ဥပမာ ဆန်ပြုတ် ၊ အသီးအရွက်ပြုတ်လိုမျိုးစားသင့်ပါတယ်။ဗိုက်စာရင်လည်း လုံးဝပြည့်သွားတဲ့ထိမစားဘဲ နည်းနည်းဆီနဲ့ ထပ်ခါထပ်ခါစားပေးနိုင်ပါတယ်။