ဝက်ခြံဟာ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အရေပြားပြဿနာ တစ်မျိုးပါ။ မျက်နှာလှလှလေးမှာ ဝက်ခြံတွေ ဖျက်နေရင် အရမ်းသောကရောက်ရပါတယ်။
ဒါကြောင့် ဒီဝက်ခြံတွေကို ဖယ်ရှားပစ်ဖို့ အောက်မှာ ဖော်ပြထားပါတယ်ရှင့်။
- လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အားကစားလုပ်ခြင်းက ချွေးပေါက်ပွင့်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေလို့ ဝက်ခြံတွေကိုလည်းသက်သာစေပါတယ်။
- မျက်နှာကို လက်နဲ့ ခဏခဏမပွတ်ပါနဲ့။
- ခေါင်းမကြာခဏ လျှော်ပေးပါ။
- ဆံပင်မှာကပ်နေတဲ့ဖုန်မှုန့်တွေက ဝက်ခြံဖြစ်စေပါတယ်။
- အစားအသောက်ကို သင့်တင့်မျှတစွာစားပါ။
- အနည်းဆုံး ရှစ်နာရီခန့် အိပ်ပါ။
- ရေများများသောက်ပေးပါ။
- စိတ်နှင့်ခန္ဓာကို အနားယူပါစေ။
- ခေါင်းအုံးစွပ် စောင် အိပ်ရာခင်း မျက်နှာသုတ်ပဝါ စသည်တို့ကို တစ်ပတ်တစ်ခါလဲပါ။
- Oil-Free Make-up သုံးပါ။
- သွားတိုက်ဆေး သံပုရာသီးနှင့် မုန့်ဖုတ်ဆော်ဒါတို့ကို ဝက်ခြံပေါ်လိမ်းခြင်းမှ ရှောင်ကြဉ်ပါ။
- မျက်နှာကို Scrub ခဏခဏလုပ်ခြင်း ရှောင်ပါ။
- မျက်နှာသစ်ပြီးတိုင်း Toner သုံးပါ။
- Benzoyl Peroxide ပါသော ဆေးများ လိမ်းပါ။ေ
- ဆးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။
- Azelaic Acid ပါသော အလှကုန်များကို ရွေးချယ်ပါ။
- ဝက်ခြံအရမ်းများနေပါက အရေပြားဆရာဝန်နှင့် ဆွေးနွေး၍ လိုအပ်သည့် ဆေးဝါးများ သောက်သုံးပေးပါ။
ဒီအချက်လေးတွေ လိုက်နာမယ်ဆိုရင် မျက်နှာပြင်ပေါ်က ဝက်ခြံတွေကို ဖယ်ရှားနိုင်ပြီပေါ့နော်။