ဒိန်ချဉ်ကို ကိုယ်အလေးချိန် လျှော့ချရာမှာ ထိထိရောက်ရောက်အသုံးပြုနိုင်သလို ကျန်းမာရေးအတွက် စားသင့်တဲ့ အစားအစာထဲမှာလည်း ဒိန်ချဉ်ပါဝင်နေပါတယ်။ ဒိန်ချဉ်မှာ ပရိုတင်းဓါတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D ၊ B2၊ B12၊ B5 စတဲ့ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

ဒါ့အပြင် ဒိန်ချဉ်ဟာ ခြောက်သွေ့တဲ့ အသားအရေအတွက် အကောင်းဆုံး အဖော်မွန်လည်းဖြစ်ပါတယ်။ နွားနို့ကို အချဉ်ဖောက်ထားတဲ့ ဒိန်ချဉ်က အသားအရေ ခြောက်သွေ့မှုကို ဖယ်ရှားပေးနိုင်ပြီး ဝင်းလက် စိုပြေလာစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒိန်ချဉ်မှာပါတဲ့ အက်ဆစ်ဓါတ်တစ်မျိုးက အရေပြားယားယံတာတွေကို ဖြစ်စေတဲ့ ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

ဘယ်လိုအသုံးပြုမလဲ

နေ့စဉ်အသုံးပြုလိုသူတွေအတွက်

bowl-of-yogurt

နေ့စဉ်အသုံးပြုလိုသူတွေအတွက်ကတော့ ဒိန်ချဉ်ကို လက်၊ မျက်နှာ နဲ့ ခြေထောက်တွေကို လိမ်းပေးပါ။ အဲဒီနောက် ၁၀ မိနစ်လောက်ထားပြီး ရေချိုးပါ။

အပတ်စဉ်အသုံးပြုလိုသူတွေအတွက်

3-2papaya-and-honey-face-pack

greek yogurt; Shutterstock ID 150228722; PO: today.com

အပတ်စဉ်အသုံးပြုလိုသူတွေအတွက်ကတော့ ဒိန်ချဉ် ဖန်ခွက်ရဲ့ ၁/၂ နဲ့ အမှည့်လွန်ပြီး ပျော့နေသော သင်္ဘောသီး စားပွဲတင်ဇွန်း ၃ ဇွန်းကနေ ၄ ဇွန်းထိထည့်ပါ။ ပျားရည်နဲ့ သံပုယိုရည်အနည်းငယ် ထည့်နိုင်ပါတယ်။ အဲဒီနောက် အရေပြားပေါ်လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားကာ ရေအေးနဲ့ ဆေးချပါ။

မျက်နှာပေါင်းတင်ချင်သူတွေအတွက်

still life of cocoa

yogurthoney-300x225

မျက်နှာပေါင်းတင်ချင်သူတွေအတွက်ကတော့ ဒိန်ချဉ် စားပွဲတင်ဇွန်း ၄ ဇွန်း၊ cocoa ချော့ကလက်လုပ်တဲ့ အသီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေပေးပါ။ အဲဒါကို မျက်နှာနဲ့ လည်ပင်းပေါ် လိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ ရေအေးနဲ့ မျက်နှာသစ်ပြီး ပုဝါနဲ့ ခပ်ဖွဖွလေးသုတ်ပေးပါ။ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်နိုင်ပါတယ်။