သင်္ဘောရွက်က ဘာလို့ သွေးလွန်တုပ်ကွေးကို ပျောက်ကင်းစေတာလဲ

dengue-fever-symptoms

တကယ်ကိုမေးသင့်တဲ့မေးခွန်ပါပဲ။ သင်္ဘောရွက်မှာ Papain နဲ့ Chymopapin စတဲ့ အစွမ်းထက် အင်ဇိုင်းတွေပါဝင်ပါတယ်။ Platelet လို့ခေါ်တဲ့ သွေးမွှာဆဲလ်တွေကို တိုးလာစေပါတယ်။ ဒါ့အပြင် ဗီတာမင်၊ ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ သံဓါတ် နဲ့ ဖော့စ်ဖိုးရပ် စတဲ့ဂုဏ်သတ္တိတွေပါဝင်နေပါတယ်။

သွေးလွန်တုပ်ကွေးပျောက်ကင်းစေမဲ့ သင်္ဘောရွက်ဖျော်ရည်ပြုလုပ်နည်း

ပါဝင်ပစ္စည်း

သဘောင်္ရွက်အစိမ်း ၂ ရွက်

ပြုလုပ်နည်း

Papaya Leaf Juice to Cure Dengue Fever

သဘောင်္ရွက်ရဲ့ အညှာတွေကိုဖယ်ပြီး အရွက်ကိုသာ သုံးရမှာပါ။ သင်္ဘောရွက်ကို သေချာရေဆေးပြီး ညှက်အောင်ထောင်းကာ အရည်ထွက်လာအောင် ညစ်ထုတ်ပါ။

အဲဒီအရည်ကို ဒီအတိုင်းသောက်သုံးပေးရမှာဖြစ်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်လောက်သောက်ပေးရမှာဖြစ်ပြီး သက်သာလာတာကို ခံစားရပါလိမ့်မယ်။

နောက်တစ်နည်း

papaya leaves juice

သင်္ဘောရွက်ဖျော်ရည်အကြမ်းလိုပဲ သင်္ဘောရွက်ကို ညှက်အောင်ထောင်းပေးပြီး ဖျော်သောက်လို့ရပါတယ်။

ပါဝင်ပစ္စည်း

သင်္ဘောရွက်အစိမ်း ၃ ရွက်

အသီးဖျော်ရည် (မိမိကြိုက်နှစ်သက်ရာ) စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

e23948c4b7a3c070519555e28baae973

လတ်ဆတ်တဲ့ သဘောင်္ရွက်တွေကိုယူပြီး ကြိတ်လိုက်ပါ။ ပြီးရင် အသီးဖျော်ရည်နဲ့ သေချာသမအောင်ရောပေးပါ။

ရောပြီးရင် သောက်သုံးနိုင်ပါပြီ။ တစ်နေ့ ၂ ကြိမ်နဲ့ ၇ ရက်လောက်သောက်ပေးပါ။ သက်သာလာပါလိမ့်မယ်။