ငယ်ငယ်က အာသီးရောင်၊ လည်ချောင်းနာပြီဆိုရင် မေမေက ရေခဲချောင်းမပြောနဲ့ ရေအေးလေးတောင်ပေးမထိတာပါ။ လူအများစုက နေမကောင်းတဲ့ အခါ ရေခဲမုန့်နဲ့ပတ်သတ်ပြီး လုံးဝ မစားတာအကောင်းဆုံးပါလို့ထင်မှတ်ထားကြပါတယ်။

အဲ့ဒီတော့ ရေခဲမုန့်စားတာ လည်ချောင်းနာတာအတွက် သင့်တော်လား။

Sore Throat

အဖြေကတော့ ဟုတ်ပါတယ်။

လည်ချောင်းနာတဲ့အခါ တစ်ခုခုကိုမျိုချရမှာ အခက်အခဲ ဖြစ်ရာကနေ အားအင်ကုန်ခမ်းသလို ခံစားရပါတယ်။ ရေခဲမုန့်စားတဲ့အခါ ရေခဲမုန့်ရဲ့ နူးညံ့တဲ့ထိတွေ့မှုကြောင့် တစ်နေ့တညအတွက် လိုအပ်တဲ့ ကယ်လိုရီ (Calories) တွေကို ထောက်ပံ့ပေးပါတယ်။ ရေခဲမုန့်ရဲ့ အအေးဒဏ်ဟာ အနာအတွက် ထုံဆေးအနေနဲ့ အလုပ်လုပ်တာကြောင့် ရောင်ယမ်းမှုကို ပြေပျောက်စေပြီး နာကျင်မှုမှ ယာယီ သက်သာစေပါတယ်။ ဒါပေမယ့် Vanilla နဲ့ ချော့ကလက် အရသာ ရေခဲမုန့်သာ ရွေးချယ်စားသုံးပါ။ အချိုခဲပါသော သို့မဟုတ် သစ်သီးဖျော်ရည်ပါဝင်သော ရေခဲမုန့်တွေကိုတော့ လည်ချောင်းယားယံစေမယ့်အတွက် ရှောင်ကြဉ်ပေးပါ။

15319461_376962255970906_814582403_n

သတိပြုရန် အချက်များ

  • ရေခဲမုန့်ထဲတွင် သကြားအချိုပါဝင်နှုန်းများ ရှိတဲ့အတွက် အများကြီးမစားမိစေပါနဲ့။
  • ရေခဲမုန့်စားပြီးတာနဲ့ ရေနွေးဖြင့် ပလုတ်ကျင်းပါ။ ထို့သိုပြုလုပ်ပေးခြင်းဖြင့် လည်ချောင်းမှာရှိတဲ့ အချိုတွေရေနဲ့အတူ အပြင်ကိုထွက်သွားပြီး အနာကိုလည်း ပိုမိုသက်သာစေတယ်။
  • အအေးတစ်ခုခု စားမိလို့ လည်ချောင်းနာလာတာဆိုရင်တော့ ရေခဲမုန့်မစားသင့်ပါဘူး။
  • ချွဲ၊သလိပ်တွေ မဖြစ်လာစေဖို့ နို့ထွက်ပစ္စည်းနဲ့ ပြုလုပ်ထားတဲ့ ရေခဲမုန့်ကို တတ်နိုင်သလောက်ရှောင်ပေးပါ။ နို့မပါတဲ့ ရေခဲမုန့်မစားတတ်ရင်တော့ ရေခဲရေ သို့ ရေခဲအကြေကို စားနိူင်ပါတယ်။

15310538_376956395971492_844328293_n