လက်ဖက်ရည်ဟာ ကျန်းမာရေးအတွက် ကောင်းစေတဲ့လို့ ခေတ်အဆက်ဆက်ကတည်းက အသိအမှတ်ပြုလာကြပါတယ်။ Vitamins နဲ့ Antioxidants တွေပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွင်းရှိ ရောဂါတိုက်ဖျက်မှုစနစ်ကို မြှင့်တင်ပေးပြီး သွေးချိုနှုန်းထိန်းညှိပေးခြင်း၊ အသားအရေပျက်စီးမှုကို ကာကွယ်ပေးခြင်းတို့အပြင် နှလုံးနဲ့ဆိုင်တဲ့ရောဂါများမှလည်း ကာကွယ်ပေးပါတယ်။ ဒါပေမယ့် လက်ဖက်ရည်ထဲ နို့ထည့်သောက်ခြင်းအားဖြင့် ရှိသမျှ အကျိုးကျေးဇူးများစွာကို ချက်ချင်းဆိုသလို မှေးမှိန်သွားစေပါတယ်။

သုတေသနပညာရှင်အချို့က လက်ဖက်ရည်နှင့် ရေ၊ လက်ဖက်ရည်နှင့် နွားနို့ကို စမ်းသပ်ခဲ့တဲ့အခါ လက်ဖက်ရည်နဲ့ ရေရောသောက်ခြင်းဟာ သွေးကြောတွေကို ပွင့်ပေးစေပေမယ့် နွားနို့ပါတဲ့အခါမှာတော့ ဘာအာနိသင်မှမရှိတော့ပါဘူး။ ပဲနို့လည်း ထိုနည်း၎င်းပဲ။

ဒါကြောင့်မို့လို့ လက်ဖက်ရည်သောက်တဲ့အခါ အရသာရှိစေချင်ရင် နွားနို့ထည့်မယ့်အစား ပျားရည်နှင့် သံပုရာထည့်သောက်ပါ။ အကယ်၍မကြိုက်ရင်လည်း ဘာမှထပ်မရောထားတဲ့ Green Tea ကိုသောက်ပေးနိုင်ပါတယ်။

ဒါပေမယ့် အစားအသောက်နဲ့ ပတ်သတ်လာတဲ့အခါမှာတော့ အာဟာရပညာရှင်နဲ့ ဆရာဝန်တွေရဲ့ နည်းလမ်းလိုက်နာရတာ အင်မတန်ခက်ခဲလှပါတယ်။ ဒါပေမယ့်လည်း ပင်ပန်းတဲ့အခါဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင် လန်းလန်းဆန်းဆန်းရှိစေချင်လို့ပဲဖြစ်ဖြစ် လက်ဖက်ရည်ထဲ နွားနို့အနည်းငယ်ရောသောက်တာကတော့ အန္တရာယ်မဖြစ်စေနိုင်ပါဘူး။