ဈေးနှုန်းချိုသာပြီး အာဟာရပြည့်ဝတဲ့ ငှက်ပျောသီးဟာ ကမ္ဘာပေါ်မှာ လူကြိုက်များဆုံး အစားအစာထဲက တစ်ခုဖြစ်ပါတယ်။ ငှက်ပျောသီးကိုစားတာဟာ သင့်ကျန်းမာရေးကို အံ့သြစရာကောင်းလောက်အောင် အကျိုးပြုနေတယ်ဆိုတာကိုရော သင်သိပြီးပြီလား။

တစ်နေ့ကို ငှက်ပျောသီး ၂ လုံးပုံမှန်စားတာဟာ သွေးဖိအားကို ထိန်းညှိပေးနိုင်ပြီး ဝမ်းမှန်စေနိုင်သလို ကိုယ်အလေးချိန်လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အမြင်အာရုံကိုလည်း ကြည်လင်စေပါတယ်။

Heart Burn (အစာအိမ်ပြွန်ထဲကို အက်စစ်ရည်တွေ ဆန်တက်လာလို့ အဆာအိမ်နာခြင်း )

t1larg

ငှက်ပျောသီးမှာ အစာအိမ်ထဲက အက်စ်ရည် ဆန်တက်လာတာကို သက်သောစေပါတယ်။ ငှက်ပျောသီး တစ်နေ့ နှစ်လုံးပုံမှန်စားပေးတာဟာ အစာအိမ်နာတာကို သက်သာစေမှာပါ။

စွမ်းအင်

ငှက်ပျောသီးမှာ တွေ့ရတဲ့ ပိုတက်ဆီယမ်ဓါတ်တွေဟာ ကြွက်တက်တာကို ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးဟာ စွမ်းအင်တွေကို ဖြည်းဖြည်းချင်းထုတ်လုပ်ပေးတာကြောင့်လည်း တခြားအစားအစာတွေထက် စွမ်းအင်တည်မြဲမှု ပိုပြီးကြာရှည်ခံလို့ အမောပိုခံနိုင်ပါတယ်။

သွေးအားနည်းခြင်း

anemia-56a7666b5f9b58b7d0ea20a6

ငှက်ပျောသီးမှာ သံဓါတ်မြင့်မားစွာပါဝင်တာကြောင့် သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

အစာအိမ်

how-to-get-rid-of-stomach-ulcers

ငှက်ပျောသီးဟာ အစာအိမ်ထဲက အက်စစ်ဓါတ်ကို လျှော့ချရာနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ငှက်ပျောသီးတွေမှာ ပါဝင်တဲ့ ဓါတ်တစ်မျိုးကလည်း အစာအိမ်ကို ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

ဝမ်းချုပ်ခြင်း

constipation

ငှက်ပျောသီးမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။

စိတ်ဖိစီးမှု နှင့် စိုးရိမ်သောကဖြစ်ခြင်း

cd-page-overcoming-stress-and-anxiety

ငှက်ပျောသီးမှာ Tryptophan ကွန်ပေါင်းဓါတ်ပါဝင်ပြီး ခန္တာကိုယ်အတွက် လိုအပ်တဲ့ Serotonin ဆိုတဲ့ ကျန်းမာပျော်ရွှင်မှုကို အားပေးတဲ့ ဓါတ်တစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ ဒါ့အပြင် ပိုတက်ဆီယမ်ဓါတ်တွေ ပါဝင်ပြီး ဦးနှောက်ဆဲလ်တွေဆီ အောက်ဆီဂျင်ပို့လွတ်ပေးခြင်းအားဖြင့် ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို တိုးတက်ဖို့ ကူညီပေးပါတယ်။ဒါ့အပြင် ငှက်ပျောသီးမှာ ပါဝင်တဲ့ ဗီတာမင် B တွေက အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး စိတ်ခံစားမှုကို တိုးတက်စေပါတယ်။