ကြက်သွန်ဖြူကတော့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးပါဝင်တဲ့ သဘာဝအစားအစာဖြစ်တယ်ဆိုတာ ထူးပြီး ပြောပြစရာလိုမယ်မထင်ပါဘူး။

ကြက်သွန်ဖြူဟာ နှလုံးရောဂါတွေအတွက် ကောင်းမွန်သလို ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်တဲ့အပြင် သွေးတိုးလည်း ကျစေပါတယ်။

ကြက်သွန်ဖြူနဲ့ ပျားရည်ကိုရောပြီး ပုံမှန်စားသုံးပေးလို့ ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို အရယူလိုက်ကြရအောင်ပါ။

ပြုလုပ်နည်း

garliccloves

ကြက်သွန်ဖြူ ၂ စိတ် ၃ စိတ်လောက်ယူပြီး လှီးပေးပါ။

ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်း ထည့်ပေးပါ။

ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ နေ့တိုင်းသောက်ပါ။

လည်ချောင်းနာတာ တုပ်ကွေးဖြစ်တာနဲ့ တခြား အအေးမိတဲ့ လက္ခဏာတွေကို ကာကွယ်နိုင်ဖို့အပြင် ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ ကြက်သွန်ဖြူနဲ့ သဘာ၀ ဆေးရည် ပြုလုပ်တဲ့ နောက်တစ်နည်းလည်းရှိပါသေးတယ်။

ဒီနည်းလမ်းကိုပြုလုပ်ဖို့သင့်အသားအရေက ထိလွယ်ရှလွယ်တဲ့ အသားအရေဖြစ်တယ်ဆိုရင်တော့ တစ်ခုခုနဲ့ အကာအကွယ်ယူပြီး လုပ်ဆောင်သင့်ပါတယ်။

ပါဝင်ပစ္စည်း

16362685632_3da5b5b461_z15741136304_fb41275efd_zmaxresdefault

ကြက်သွန်နီကို အတုံးလိုက်လှီးပါ။ ကြက်သွန်ဖြူကို လှီးပါ။ ငရုပ်သီးတောင့် ၂ တောင့်ကို လှီးပါ။ ဂျင်းကိုလှီးပြီး စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပါ။

သံပုရာသီးတစ်လုံးကို အရည်ညစ်ပါ။ ပန်းသီးရှာလကာရည်ထည့်ပါ။

ပြုလုပ်နည်း

၃၅၀ မီလီမီတာလောက်ရှိတဲ့ ပုလင်းထဲကို ကြက်သွန်နီအရင်ထည့်ပါ။ အဲဒီနောက် ကြက်သွန်ဖြူထည့်ပါ။ ငရုတ်သီးထည့်ပါ။ ဂျင်းထည့်ပါ။ သံပရာရည်ထည့်ပါ။ ရှလကာရည်ထည့်ပါ။

ပုလင်းကို ခပ်ကြပ်ကြပ်လေးပိတ်ထားပေးပါ။ ဒါပေမဲ့ အဖုံးနဲ့ အထဲကအစာပလာတွေရဲ့ကြား ၁ စင်တီမီတာလောက် နေရာအလွတ်ထားပါ။ ဝေဒနာတွေ သက်သာသွားဖို့အတွက် ပုံမှန်သောက်သုံးပေးပါ။

မှတ်ချက်။     ။ အခုပြောပြခဲ့တဲ့နည်းလမ်းတွေအတွက် သောက်သုံးရမဲ့ ပမာဏက စားပွဲတင်ဇွန်း ၁ ဇွန်းဖြစ်ပြီး မနက်ခင်း အစာမစားခင် သောက်ပေးရမှာဖြစ်ပါတယ်။