မျက်လုံးကျန်းမာရေးပြဿနာဟာ ဒီကနေ့ ကမ္ဘာတစ်ခုလုံးမှာ ရင်ဆိုင်နေရတဲ့ အဓိက ကျန်းမာရေး ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်ပါဝင်မှုနည်းပါးတာ၊ တခြားအာဟာရဓါတ်တွေနည်းပါးတာကြောင့် မျက်စိကျန်းမာရေးအပါဝင် ကျန်းမာရေး ပြဿနာကို ပိုလို့ ဖြစ်ပွားစေပါတယ်။ အချိန်တန်အိုမင်းလာရမှာမှန်ပေမဲ့ ဒီကနေ့ခေတ်မှာတော့ ကွန်ပျူတာအကြည့်များတာနဲ့ တခြားအကြောင်းကြောင့် အရွယ်မတိုင်ခင်မှာပဲ အမြင်အာရုံတွေ ဝေဝါးလို့လာနေပါပြီ။

default-1464357482-2265-apps-that-can-improve-your-vision

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာက အမြင်အာရုံတွေ ကောင်းမွန်လာဖို့ အကောင်းဆုံးပဲဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် A ဓါတ်ကြွယ်ဝစွာပါဝင်လို့ သစ်သီးဝလံတွေကို စားပေသင့်ပါတယ်။

ဥပမာ မုန်လာဥနီ၊ နာနတ်သီး၊ လိမ္မော်သီး စတဲ့အစားအစာတွေက အမြင်အာရုံအတွက် တကယ်ကိုကောင်းမွန်တဲ့ အစားအစာတွေပါ။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် အမြင်အာရုံအတွက် အထူးကောင်းမွန်စေပါတယ်။

improves-vision

ဒီကနေ့မှာ အမြင်အာရုံအတွက်သာမက အသားအရေကို အဟာရဓါတ်ပေးနိုင်ပြီး နုပျိုလန်းဆန်းစေမဲ့ သဘာဝဖျော်ရည်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။ ဒါ့အပြင် ဒီနည်းလမ်းလေးဟာ ဆံပင်ကျွတ်တာကိုလည်း သက်သာစေပြီး ဆံပင်ကိုသန်စွမ်း တောက်ပြောင် ပျော့ပြောင်းစေမှာဖြစ်လို့ စာဖတ်သူတွေအတွက် အထူးပဲအသုံးဝင်မှာ သေချာပါတယ်။

ပါဝင်ပစ္စည်း

3_cloves_garlic

ကြက်သွန်ဖြူ ၃ မွှာ

1-cut-ends-of-lemons

သံပုယိုသီး ၄ လုံး

flaxseed-oil-1

နှမ်းကြတ်ဆီ (Linseed Oil) ၂၀၀ ဂရမ်

4-honey

ပျားရည် စားပွဲတင်ဇွန်း ၁၀ ဇွန်း

ပြင်ဆင်ခြင်း

သံပုယိုသီးကို အခွံနွာပြီး အတုံးသေးသေးလေးဖြစ်လောက် လှီးလိုက်ပါ။ အဲဒီနောက် ခြောက်သွေ့သန့်ရှင်းတဲ့ ခွက်ထဲထည့်ပါ။

အဲဒီနောက် ကြက်သွန်ဖြူကို အခွံနွာပြီး ကြေသွားအောင် ဓါးနဲ့ ရိုက်ပေးပါ။

ကြေသွားတဲ့ ကြက်သွန်ဖြူကို လိမ္မော်သီးထည့်ထားတဲ့ ခွက်ထဲထည့်ပြီး ပျားရည်နဲ့ နှမ်းကြတ်ဆီ ထည့်ပေးပါ။

အဲဒီနောက် ပါဝင်ပစ္စည်းတွေကို သေချာရောသွားအောင် မွှေပေးပါ။

မသောက်သုံးခင်မှာ ရေခဲသေတ္တာထဲ ၄ နာရီလောက်ထားပါ။ ထို့နောက် နေ့လည်စာမစားခင်နဲ့ ညစာမစားခင် ဇွန်းကြီးနဲ့ ၁ ဇွန်း သောက်ပါ။

ရက်အကန့်သတ်မရှိ စွဲမြဲသောက်သုံးနိုင်ပါတယ်။