သစ်ချသီးက မကောင်းတဲ့ ကိုလက်စထရောဓာတ်ကို လျော့ချပေးပြီး၊ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။ အဲ့ဒီအပြင် ဆီးချိုကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

သစ်ချသီးက ဦးနှောက်ကျန်းမာရေးကိုမြှင့်တင်ပေးပြီး စိတ်ကို ပျော်ရွှင်လန်းဆန်းစေပါတယ်။

ကင်ဆာ ရောဂါကို ကာကွယ်ပေး

သစ်ချသီးမှာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။ Phenolic ကွန်ပေါင်း၊ Omega 3 Fatty အက်ဆစ်၊ Gamma-Tocopherol ဓာတ်နဲ့ တခြား Antioxidants ဓာတ်တွေပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေကို ကာကွယ် ထိန်းချုပ်ပေးနိုင်ပါတယ်။

နှလုံး ကျန်းမာရေးကို မြှင့်တင်ပေး

သစ်ချသီးမှာ အမိုင်နိုအက်ဆစ်၊ Omega 3 ၊ Oleic အက်ဆစ် လို Monounsaturated Fatty အက်ဆစ်တွေပါဝင်ပါတယ်။

ဒါ့ကြောင့် သစ်ချသီးက နှလုံးကျန်းမာရေးကို ကာကွယ်ပေးပြီး မကောင်းတဲ့ ကိုလက်စထရော (LD) ကို လျော့ချပေးပြီးကောင်းတဲ့ ကိုလက်စထရော (HDL) ကိုမြှင့်တင်ပေးပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်

Lose Weight

သစ်ချသီးတွေက ဝမ်းဗိုက်ကို ပြည့်သလို ခံစားရအောင်ကူညီပေးနိုင်တာကြောင့် အစာခဏခဏ မစားဖြစ်အောင်ကူညီပေးနိုင်ပါတယ်။ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်တွေ ကြွယ်ဝတာကြောင့် သက်သက်လွတ်စားတဲ့သူတွေ များများစားသင့်ပါတယ်။

ဦးနှောက်ကျန်းမာရေး

ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ဖို့ စားပေးသင့်တဲ့ အစားအစာများ

သစ်ချသီးမှာ Omega 3 Fatty အက်ဆစ်ပါဝင်တာကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို တိုးမြင့်စေပါတယ်။ အဲ့ဒီအပြင် အိုင်အိုဒင်းဓာတ်နဲ့ Selenium ဓာတ်တွေပါဝင်တာကြောင့် ဦးနှောက်လုပ်ဆောင်ချက်တွေကို ကောင်းစေပါတယ်။

အရိုးကျန်းမာရေးကို တိုးမြှင့်ပေးနိုင်

သစ်ချသီးမှာ Fatty အက်ဆစ်တွေပါဝင်တာကြောင့် အရိုးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ အဲ့ဒီ Fatty အက်ဆစ်က ခန္ဓာကိုယ်ထဲမှာ ကယ်ဆီယမ် စုပ်ယူနိုင်အားကို တိုးမြှင့်ပေးနိုင်ပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေ

သစ်ချသီးမှာ Manganese၊ ကော့ပါး၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဇန့် နဲ့ Selenium ဓာတ်တွေပါဝင်တာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု၊ အစာအိမ် နဲ့ တခြားလှုပ်ရှားမှုတွေကို အားကောင်းစေပါတယ်။