[Unicode]
အခုပုံမှာပြထားတဲ့ Pistachios သီးကို မြင်ဖူးကြမှာပါနော်။ Market Place တွေမှာရနိုင်တဲ့ ချိုဆိမ့်ဆိမ့်အရသာရှိတဲ့ ပဲဆိမ့်စေ့ဟာ ကျန်းမာရေးကို များစွာအထောက်အကူပြုနေပါတယ်။ ဒီတော့ ဒီအစေ့ကို စားပေးတာဟာ ဘာအကျိုးကျေးဇူးရှိပါသလဲ။
Pistachios စေ့ရဲ့ အကျိုးကျေးဇူးတွေ
Pistachios စေ့မှာ ဗီတာမင် E ကြွယ်ဝစွာပါဝင်လို့ ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားမှုကို ၃၀% ထိလျှော့ချပေးနိုင်ပြီး တခြားရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
Pistachios စေ့ကို နေ့တိုင်းစားပေးတာဟာ ဆီးချိုဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။
Pistachios စေ့မှာ Antioxidant တွေပါဝင်လို့ ကိုလက်စထရောပမာဏကို ၂၀ % ထိလျှော့ချပေးနိုင်ပါတယ်။
ဒါ့အပြင် အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။
တခြားအခွံမာအသီးတွေမှာတွေ့ရခဲတဲ့Carotenoid နှစ်မျိုးပါဝင်ပါတယ်။ ဒါ့ကြောင့် အမြင်အာရုံကို ကောင်းမွန်စေပါတယ်။
တစ်နေ့ကို Pistachios စေ့ ၅ စေ့ကနေ ၁၀ စေ့ထိစားပေးတာဟာ အိုးမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါတယ်။
Source: http://www.naturalhealthcareforyou.com
Photo Credit: inquisitr.com
[Zawgyi]
အခုပံုမွာျပထားတဲ့ Pistachios သီးကို ျမင္ဖူးၾကမွာပါေနာ္။ Market Place ေတြမွာရႏိုင္တဲ့ ခိ်ဳဆိမ့္ဆိမ့္အရသာရွိတဲ့ ပဲဆိမ့္ေစ့ဟာ က်န္းမာေရးကို မ်ားစြာအေထာက္အကူျပဳေနပါတယ္။ ဒီေတာ့ ဒီအေစ့ကို စားေပးတာဟာ ဘာအက်ိဳးေက်းဇူးရွိပါသလဲ။
Pistachios ေစ့ရဲ့ အက်ိဳးေက်းဇူးေတြ
Pistachios ေစ့မွာ ဗီတာမင္ E ၾကြယ္၀စြာပါ၀င္လို႔ ကင္ဆာေရာဂါအမ်ိဳးမ်ိဳးကို ကာကြယ္ေပးႏိုင္ပါတယ္။ အဆုတ္ကင္ဆာျဖစ္ပြားမႈကို ၃၀% ထိေလွ်ာ့ခ်ေပးႏိုင္ၿပီး တျခားေရာဂါေတြကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။
Pistachios ေစ့ကို ေန႔တိုင္းစားေပးတာဟာ ဆီးခ်ိဳျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
Pistachios ေစ့မွာ Antioxidant ေတြပါ၀င္လို႔ ကိုလက္စထေရာပမာဏကို ၂၀ % ထိေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
ဒါ့အျပင္ အမွ်င္ဓါတ္ေတြၾကြယ္၀စြာပါ၀င္လို႔ အစာေခ်စနစ္ကိုေကာင္းမြန္ေစပါတယ္။
တျခားအခြံမာအသီးေတြမွာေတြ႔ရခဲတဲ ့Carotenoid ႏွစ္မ်ိဳးပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ အျမင္အာရံုကို ေကာင္းမြန္ေစပါတယ္။
တစ္ေန႔ကို Pistachios ေစ့ ၅ ေစ့ကေန ၁၀ ေစ့ထိစားေပးတာဟာ အိုးမင္းရင့္ေရာ္မႈကို တားဆီးေပးႏိုင္ပါတယ္။
Source: http://www.naturalhealthcareforyou.com
Photo Credit: inquisitr.com