ရေနဲ့ လုပ်ထားတဲ့ ကျောက်ကျောလိုလို၊ ဂျယ်လီလိုလို Raindrop Cake (မိုးရေစက် ကိတ်) က အခုဆို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကြိတ်ကြိတ်တိုး ၀ယ်ယူနေကြပါတယ်။ ဒီနည်းကိုတော့ နယူးယောက်မြို့သား ဒယ်ရန် ၀မ် (Darren Wong) က ရှာဖွေတွေ့ရှိခဲ့ပြီး Raindrop Cake (မိုးရေစက် ကိတ်) လို့ နာမည်ပေးထားပါတယ်။

သူဟာ ၂၀၁၄ ခုနှစ်က ဂျပန် အစားအသောက် ပြပွဲသွားရောက်ပြီးနောက် ဒီလို ရေပါဝင်တဲ့ အချိုပွဲ တီထွင်ချင်လာပါတယ်။ Raindrop Cake က ဂျယ်လီလိုလည်း တစ်လွှာချင်း ဖဲ့ပြီး စားလို့ရပါတယ်။ ဒါပေမယ့် လုပ်ပြီး ၁ နာရီခွဲအတွင်းမှာ အရည်ပျော်သွားနိုင်တာကြောင့်လုပ်ပြီးပြီးချင်း စားဖို့တော့ လိုအပ်ပါတယ်။

enhanced-5003-1459540365-1

အခုဆို စာဖတ်သူတွေက ဘယ်လို အရသာမျိုး ရှိလဲလို့ စဉ်းစားနေကြမှာပါ။

ဘယ်လို အရသာမျိုးလဲဆိုတော့ မိုးရေစက်ကြီးကြီးကို စားနေရသလိုပါဘဲ လို့ မစ္စတာ Wong က ပြောပါတယ်။
ဒါပေမယ့် သူ့ အရသာက ရေနဲ့ ဆင်တူတူဖြစ်ပေမယ့် ကင်ထားတဲ့ ပဲပုပ် အမှုန့် နဲ့ အညိုရောင် သကြားကို အရသာရှိအောင် သူ့အပေါ်မှာ ဖြူးပေးထားပါတယ်။ ဒါက သတ်သတ်လွတ် အစားအစာလို့ ခေါ်ဆိုနိုင်တဲ့အပြင် ကယ်လိုရီ လည်း မပါပါဘူး။

enhanced-24343-1459706880-5

ပါဝင်ပစ္စည်း

  • ရေ
  • ကျောက်ကျောလုပ်တဲ့ အမှုန့် ဖြစ်တဲ့ Agar Powder
  • ထန်းလျက် ရည် အပြစ်
  • ပဲပုပ် ကို ကင်ပြီးလုပ်ထားတဲ့ အမှုန့်

41fwth8avrl 249584ee59b56303

ပြုလုပ်ပုံနည်းလမ်း

  • ရေ ကို ပွက်ပွက်ဆူအောင် အိုး တစ်လုံးထဲထည့်ပြီး တည်ပါ။
  • Agar Powder (ကျောက်ကျော လုပ်တဲ့အမှုန့်) ကို အနည်းငယ် (ဟင်းချက် ဇွန်း၁ ဇွန်းစာ)လောက်ကို ပွက်ပွက်ဆူနေတဲ့ ရေထဲထည့်ပြီး မွှေပါ။
  • မီးဖိုပေါ်က ချပြီး ခွက်ဝိုင်းဝိုင်းလေး တစ်လုံးထဲ ထည့်ပြီး ၂ နာရီလောက် အအေးခံပါ။
  • ခဲသွားရင် စားသုံးမယ့် ပန်းကန်ထဲထည့်ပြီး ဘေးမှာ ထန်းလျက်ရည် ပျစ်ပျစ် နဲ့ ပဲပုပ် အမှုန့်ကို ပုံထားပြီး တွဲလျက် စားသုံးနိုင်ပါပြီ။

https://www.youtube.com/watch?v=GVMNj1096AA