ဒီကနေ့ခေတ်မှာ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ဖျော်ရည်ကို ကိုယ်အလေးချိန်လျှော့ချရာမှာ ပိုမိုအသုံးပြုလာကြပါတယ်။ ကိုလက်စထရောကို လျှော့ချတာဟာ အလှအပတစ်ခုတည်းအတွက်မဟုတ်ပါဘူး။ သွေးတွင်း ကိုလက်စထရောများနေတာဟာ အဝလွန်တာကိုဖြစ်စေပြီး ကျန်းမာရေးနဲ့မညီညွှတ်တာကြောင့် ဆရာဝန်တွေက ကိုလက်စထရောပမာဏကို လျှော့ချဖို့ အမြဲအကြံပြုကြပါတယ်။
ရောဂါအမျိုးမျိုးကိုတိုက်ဖျက်နိုင်တဲ့အပြင် အဆီပိုတွေကိုလည်းဖယ်ရှားပေးမယ် ကိုလက်စထရောလည်းကျစေမဲ့သဘာဝဖျော်ရည်ဖျော်နည်းကို ပြောပြပေးမှာဆိုတော့ ဘာလိုတော့လိုလဲ။
ပါဝင်ပစ္စည်း
နံနံပင် (တရုတ် (သို့) ရှမ်း) ၂ ခတ်
ရေ ၂ လီတာ
မှုန့်ဖုတ်ဆိုဒါ အနည်းငယ်
သံပုယိုသီး ၃ လုံး
ပြင်ဆင်ခြင်း
သံပုယိုသီးကို မှုန့်ဖုတ်ဆိုဒါနဲ့ ဆေးပါ။ အဲဒီနောက် ရေနွေးဆူဆူတည်ပြီး အအေးခံထားပါ။
ပြီးရင် သံပုယိုသီးကို လှီးပြီး နံနံပင်ကို လှီးပါ။ အဲဒါတွေကို ခွက်တစ်လုံးထဲထည့်ပြီး ရေထည့်ပါ။ ပြီးရင် အဖုံးဖုံးပြီး ရေခဲသေတ္တာထဲမှာ တစ်ညလောက်ထားပါ။ မနက်ပိုင်း သောက်ခါနီးမှာ သေချာမွှေပေးပြီး ဖန်ခွက်နဲ့ထည့်ကာ သောက်သုံးပါ။