ဆီးချိုခံစားနေရသူတွေ နှလုံးသွေးကြောပိတ်နေသူတွေ ရင်သားကင်ဆာ အမြင်အာရုံေ၀၀ါးခြင်း စတဲ့ ဝေဒနာတွေကို သက်သာစေမဲ့အပြင် ကိုယ်ခံအားစနစ်ကောင်းမွန်စေတဲ့ ကြက်ဟင်းခါးသီးဖျော်ရည်ပြုလုပ်နည်းကို မျှဝေပေးသွားပါမယ်။ အရသာလည်းရှိပြီး ပြုလုပ်ရတာလွယ်ကူတာမို့ စာဖတ်သူတွေအတွက် အသုံးဝင်မှာပါ။
ပါဝင်ပစ္စည်းများ
ကြက်ဟင်းခါးသီး ၁ လုံး
ပန်းသီး (အစိမ်း / အနီ) ၁ လုံး
ဂျင်း ၂ စင်တီမီတာ (အခွံနွှာပြီး လှီးပေးထားပါ)
သံပုယိုသီးရည် (သို့) သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့) တစ်ဝက်
ငရုတ်သီးစိမ်း ၁ ထောင့် (လှီးပေးပါ)
ရေအေး (လိုအပ်သလောက်)
ပြုလုပ်နည်း
ကြက်ဟင်းခါးသီးကို ရေသေချာဆေးပါ။ ပြီးရင် အလယ်ကနေ ထက်ခြမ်းခြမ်းပြီး အစေ့တွေထုတ်ပေးပါ။ အတုံးသေးသေးလေးဖြစ်အောင်လှီးပေးထားပါ။
ပြီးရင်ခွက်တစ်လုံးထဲထည့်ပြီး ဆားထည့်ကာ လက်နဲ့ သေချာနှယ်ပေးပါ။ အဲဒီနောက် ၁၀မိနစ်ကနေ ၁၅ မိနစ်ထိထားပါ။
ပန်းသီးကို အတုံးလိုက်လှီးပြီး အစေ့ကိုဖယ်ပေးပါ။
ခုဏကစိမ်ထားတဲ့ ကြက်ဟင်းခါးသီးကို အခါးတွေထွက်သွားအောင် ရေညှစ်ပေးပါ။ ရေဆစ်ပြီးသား ကြက်ဟင်းခါးသီးကို Blender (ဖျော်စက်) ထဲထည့်ပြီး ပန်းသီး၊ ငရုတ်သီး ၊ ဂျင်းနဲ့ ရေ ထည့်ပေးပါ။
ဖျော်စက်နဲ့ သေချာဖျော်လိုက်ပြီး ကော်ဖီစစ်ဇကာနဲ့ စစ်ချပါ။ သံပုယိုရည် (သို့) သံပုရာသီးညစ်ထည့်ပြီး ဆားထည့်ကာ မွှေလိုက်ပါ။
အရမ်းပျစ်နေတယ်ဆိုရင် ရေထပ်ထည့်ပေးပါ။ ပြီးရင်ခွက်တစ်လုံးထဲထည့်ပြီး ချက်ချင်းသောက်သုံးနိုင်ပါတယ်။
သတိပြုရန်
ကြက်ဟင်းခါးသီးကို ကြော်စားတာ ချက်စားတာ ပေါင်းစားတာ စသဖြင့် မိမိကြိုက်နှစ်သက်သလို လုပ်စားနိုင်ပါတယ်။ ကြက်ဟင်းခါးသီးကိုစားရမှာ သတိပေးစရာအချက် ၂ ချက်ရှိပါတယ်။
တနေ့ကို ၂ လုံးထက်ပိုပြီးမစားပါနဲ့။ ၀မ်းပျက်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့လည်း ကြက်ဟင်းခါးသီး အလွန်အမင်းစားတာကို ရှောင်ကျည်ပေးသင့်ပါတယ်။ လမစေ့ဘဲ ကလေးမွေးဖွားနိုင်လို့ပါ။