အိပ်စက်ခြင်းဟာ သိပ်ကိုအရေးပါလှပါတယ်။ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ အိပ်ရေးဝဝ အိပ်ဖို့လိုအပ်ပါတယ်။ ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေရုံသာမက ကိုယ်အလေးချိန်ကိုပါ လျှော့ချပေးနိုင်တဲ့ သဘာဝ ဖျော်ရည်နှစ်မျိုးကို ကိုယ်တိုင်လုပ်ပြီးသောက်ရအောင်ပါ။

၁။ စပျစ်သီးဖျော်ရည်

စပျစ်သီးဟာ သင့်ကို ကျန်းမာစေပြီး အိပ်မောကျစွာ အိပ်စက်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်ကိုလည်း ဖယ်ရှားပေးပြီး အသည်းကိုပါ ကျန်းမာစေပါတယ်။ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

စပျစ်သီးကို အစေ့ထုတ်ပြီး ကျိတ်စက်ထဲထည့်ကျိတ်ကာ ခွက်တစ်ဝက်လောက် သောက်ပြီးအိပ်ယာဝင်လိုက်ပါ။ (သို့) စပျစ်သီးကို ၁၀ လုံးလောက် စားပြီး အိပ်ယာဝင်ပေးနိုင်ပါတယ်။

၂။ သံပုရာရေနွေးကြမ်း

ရေနွေးပူပူထဲကို သံပုရာသီး အရည်ညှစ်ထည့်လိုက်ပြီး သံပုရာသီးကိုပါ တခါတည်းထည့်လိုက်ပါ။ ပြီးရင် ပျားရည်နည်းနည်းထည့်ပြီး တစ်ခွက်သောက်ပေးရမှာဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ သင့်ကိုလည်း အေးချမ်းစွာ အိပ်စက်အနားယူစေနိုင်မှာဖြစ်ပါတယ်။ ညဖက်မှာ ဗိုက်မအီမသာဖြစ်တာကြောင့် သန်းခေါင်ကျော် အိပ်ယာထရတဲ့ ဒုက္ခကနေ ကင်းဝေးသွားမှာဖြစ်ပါတယ်။