ကြက်သွန်နီကို ကြိုက်တဲ့သူရှိသလို အရသာမကြိုက်လို့ပဲဖြစ်ဖြစ် ခံတွင်းနံလို့ပဲဖြစ်ဖြစ် မစားကြတာတွေလည်းရှိပါတယ်။

27942

ကြက်သွန်နီရဲ့ အကျိုးကျေးဇူးကို သိနားလည်ကြပြီး ကျန်းမာရေးကို အလေးထားသူတွေကတော့ ကြက်သွန်နီကို စားသုံးကြပါတယ်။ ကြက်သွန်နီမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် C စတဲ့ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် အလှကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေမှာတောင် ကြက်သွန်နီကို အဓိကအသုံးပြုကြပါတယ်။

ဒီနေ့မှာဝေမျှပေးမှာကတော့ ကြက်သွန်နီကို မကြိုက်တဲ့သူတွေလည်း စားစရာမလိုတာမို့ နှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။ ငယ်ငယ်က အဆော့သန်လို့ဖြစ်ဖြစ် သတိမမူမိလို့ပဲဖြစ်ဖြစ် အနာတရတွေရကြပြီး ရုပ်ဆိုးတဲ့ အမာရွတ်တွေ ရှိနေတတ်ပါတယ်။ ဒီနည်းလမ်းလေးကတော့ အမာရွတ်ကို ၆ ပတ်ကနေ ၈ ပတ်အတွင်း သိသိသာသာ သက်သာစေမှာပါ။

ပါဝင်ပစ္စည်း

house_dishsoaponion-500x325coffee-filtersalt-07

ပန်းကန်ဆေးဆပ်ပြာ

စဉ့်နီတုံး နဲ့ ဓါး

အလယ်အလတ်ခွက် ၂ လုံး

ဆား

ကော်ဖီ အမှုန့် ဆစ်တဲ့ဇကာ

ပြင်ဆင်ခြင်း

ဆပ်ပြာ ၁၀ ဂရမ်ကို ဆား ၃ ဂရမ်နဲ့ရောပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီးအဲဒီထဲထည့်မွှေပေးကာ ခွက်တစ်လုံးထဲမှာထည့်ထားပါ။ ရေချိုးခန်းထဲမှာ ၁၅ မိနစ်လောက်ထားပြီး အဆက်မပြတ် မွှေပေးပါ။ အဲဒီနောက် Blender (ဖျော်စက်)ထဲထည့်ပြီး ၅ စက္ကန့်လောက်မွှေပေးပါ။ ပြီးရင် ကော်ဖီဆစ်တဲ့ ဇကာကိုခံပြီး ခွက်တစ်လုံးထဲလောင်းထည့်ပါ။ ရလာတဲ့ အနှစ်ကို အမာရွတ်ပေါ်မှာ တစ်နေ့ နှစ်ကြိမ်လိမ်းပေးပါ။

လိမ်းပေးလို့ ခြောက်သွားရင် ရေဆေးချပြီး သံလွင်ဆီ (သို့) အုန်းဆီလိမ်းပေးထားပါ။

သတိပြုရန်

ပထမဆုံး အဲဒီအနှစ်ကိုနည်းနည်းပဲလိမ်းပေးပြီး ဓါတ်မတည့်တာမျိုးဖြစ်ဖြစ်အရင်လုပ်ကြည်ပါ။ အရေပြားကနီစပ်စပ်ဖြစ်လာတယ် ယားယံလာတယ်ဆိုရင် မလုပ်ပါနဲ့။