ကြက်အူချောင်း ဒီတစ်ခါမှာတော့ ကိုရီးယား စတိုင်လ် ကြော်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

ကြက်အူချောင်း ၂၀၀ ဂရမ်

ငရုတ်ပွသီး ၇၀ ဂရမ်

ကြက်သွန်နီ ၄၀ ဂရမ်

ဟင်းချက်ဆီ

နှမ်း အနည်းငယ်

ဆော့စ် လုပ်ရန်

ခရမ်းချဉ်သီးဆော့စ် (Ketchup) စားပွဲတင်ဇွန်း ၂ ဇွန်း

ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

သကြား စားပွဲတင်ဇွန်း ၁ ဇွန်း ရဲ့ တစ်ဝက်

(ပါဝင်ပစ္စည်းတွေကို ခွက်တစ်လုံး ထဲထည့်ပါ။)

ပြုလုပ်နည်း

ဆီကို အိုးထဲထည့်ပြီး အပူပေးပါ။ ကြက်အူချောင်းကို မီးအလယ်အလတ်ထားပြီး ကြော်ပါ။

ငရုတ်ပွသီး၊ နှမ်း၊ ကြက်သွန်တို့ကို ထည့်ပါ။ ကြော်ပါ။

နူးခါနီးရင် မီးကို အလယ်အလတ်အပူချိန်လောက်ထားလိုက်ပြီး ဆော့စ်တွေနဲ့ နှမ်းကို ထည့်ပါ။

သေချာမွှေပြီးရင်တော့ ကိုရီးယား စတိုင်လ် ကြက်အူချောင်းလေး ရပါပြီနော်။

Photos Credit: MyKoreanKitchen