ဒီတခါမှာတော့ ဈေးလည်းသက်သာပြီး သောက်လို့ကောင်းပြီး ကျန်းမာရေးအကျိုးများတဲ့ ဖရဲသီး Smoothie လေး လုပ်သောက်ရအောင်။
ပါဝင်ပစ္စည်းများ
အစေ့ထုတ်ထားတဲ့ ဖရဲသီး ၄ စိတ် ( လက်မဝက် အတုံးလေးတွေ တုံးထားပါ)
နွားနို့ ဖန်ခွက်တစ်ခွက်စာ (ပဲနို့လည်းရပါတယ်)
Vanilla Yogurt (ဖန်ခွက်တစ်ခွက်ရဲ့ တစ်ဝက်)
Maple Syrup စားပွဲတင်ဇွန်း ၃ ဇွန်း (Market Place မှာ ရှိပါတယ်။)
ပြုလုပ်နည်း
ဖရဲသီးကို လက်မဝက် အတုံးလေးတွေ တုံးထားပါ။ ဗန်းတစ်ဗန်းအပေါ်မှာ ဆီစုပ်စက္ကူလေးခင်းပြီး ဖရဲသီးလေးတွေကို စီထားပါ။ တစ်ခုနဲ့တစ်ခု ကြား နေရာအနည်းငယ် ခြားထားပါ။ ပလပ်စတစ် နဲ့ ဗန်းကို ပတ်ထားပြီး ၁ နာရီလောက် ရေခဲသေတ္တာ Freezer အခန်းထဲမှာထားလိုက်ပါ။
ခဲနေတဲ့ ဖရဲသီးတွေကို ဖျော်စက်ထဲထည့်ဖျော်ပါ။ နွားနို့၊ Vanilla Yogurt နဲ့ Maple Syrup တို့ကိုထည့်ပါ။ ကြေညက်တဲ့အထိ ဖျော်ပါ။
ဒါဆိုရင်တော့ ဖရဲသီး smoothie ရပါပြီနော်။