ခန္ဓာကိုယ်အတွင်းက မလိုအပ်တဲ့ အဆီတွေကို ဖယ်ရှားပစ်နိုင်ဖို့အတွက် သဘာဝနည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။ ဒီနည်းလမ်းလေးက ပြင်ဆင်အသုံးပြုရတာ သိပ်ကိုလွယ်ကူတာကြောင့် စာဖတ်သူတွေ သဘောကျကြမယ်လို့ မျှော်လင့်မိပါတယ်။
သဘာဝအဆီကျဖျော်ရည်ကို အခုလိုလုပ်ကြမယ်။
ပါဝင်ပစ္စည်း
- သံပုယိုသီး ၁ လုံး
- လတ်ဆတ်ပြီး ခပ်ပါးပါးလှီးပြီးသား ဂျင်း ၁ စိတ်
- ရှားစောင်းလက်ပက်အနှစ်၊ သခွားသီး ၁ လုံး
- နံနံပင် အနည်းငယ်
- ရေ ၁/၂ ခွက်
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံကိုရောနှောသွားအောင် သေချာမွှေပေးပြီး အိပ်ယာအဝင်ခင် သောက်ပါ။
ပါဝင်ပစ္စည်း၏ အာနိသင်များ
ဂျင်း
ဂျင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အစားများများစားကို ကာကွယ်ပေးနိုင်သလို အဆီတွေကို လောင်ကျွမ်းစေပါတယ်။
ရှားစောင်းလက်ပက်
ရှားစောင်းလက်ပက် အနှစ်မှာ အိုမင်းရင့်ရော်တာကို တားဆီးပေးနိုင်တဲ့ သဘာ၀ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် ခန္တာကိုယ်အတွင်း ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။
နံနံပင်
နံနံပင်ကလည်း ကိုယ်အလေးချိန်လျှော့ချရာမှာ အရမ်းကို အသုံးဝင်ပါတယ်။ နံနံပင်မှာ ကယ်လိုရီဓါတ် နည်းနည်းပဲပါပြီး ဗီတာမင် ဓါတ်နဲ့ အိုမင်းရင့်ရော်တာကိုတားဆီးပေးနိုင်တဲ့ ဓါတ်တွေ ပါဝင်ပါတယ်။
သခွားသီး
သခွားသီးကလည်း မလိုအပ်တဲ့ ကိုယ်အလေးချိန်ကို လျှော့ချရာမှာ အရမ်းကို အသုံးဝင်ပါတယ်။ သခွားသီးမှာ ရေဓါတ်၊ အမျှင်ဓါတ် မြင့်မားစွာပါဝင်ပြီး ကယ်လိုရီပါဝင်မှု နည်းပါးပါတယ်။
သံပုယိုသီး
သံပုယိုသီးက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရာမှာ အာနိသင်ရှိတဲ့ အသီးဖြစ်ပါတယ်။ ဒါ့အပြင် အဆီတွေကိုလည်း လှောင်ကျွမ်းစေနိုင်တဲ့ ဓါတ်တွေ သံပုယိုသီးမှာ ပါဝင်ပါတယ်။