ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်ကို အမျိုးသမီးတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။

646x404

အများအားဖြင့်တော့ အမျိုးသမီးတွေဟာ ဆံပင်ပါးကြပြီး အရှည်လည်းနှေးကြပါတယ်။ ဆံသားအလှဟာ အမျိုးသမီးတွေကို ယုံကြည်မှု ရှိစေတာကြောင့် ဆံနွယ်တွေ ကျန်းမာသန်စွမ်းစေမဲ့ နည်းလမ်းကို မျှဝေပေးသွားမှာပါ။

အလှအပကုန်ပစ္စည်းတွေ သုံးစရာမလိုဘဲ သဘာဝနည်းလမ်းနဲ့ ဖြေရှင်းနိုင်ပါတယ်။ ဓါတုပစ္စည်းကင်းစင်ပြီး သဘာဝနည်းလမ်းလေးမို့ ဘေးဥပါဒ်မရှိတာကြောင့် လုပ်ကြည့်ဖို့ အကြံပြုလိုပါတယ်။

ပါဝင်ပစ္စည်းတွေက စာဖတ်သူတို့ မီးဖိုချောင်မှာ အလွယ်တကူရတဲ့ ပစ္စည်းလေးတွေပါ။

olive-oil-and-olives

သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

135847132

ရေနွေးအနည်းငယ် (လိုအပ်မှထည့်ပါ။)

513468935_xs

အုန်းနို့ ၁/၂ ခွက်

ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းတွေအားလုံးကို ခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် ဦးရေပြားပေါ်လိမ်းပေးပြီး ဆံသားအမြစ်နားမှာ ညင်သာစွာ နှိပ်နယ်ပေးပါ။

Shower Cap (သို့) ကျွတ်ကျွတ်အိတ်ကို ခေါင်းပေါင်းပေးပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိထားပေးပါ။

ပြီးရင် ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးသုံးပြီး ခေါင်းလျှော်ပါ။ ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးကိုလည်း သဘာဝပါဝင်ပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတာသုံးပါ။