သိပ်မကြာခင်မှာ 2017 နှစ်သစ်ကို ရောက်တော့မယ်နော်။ ဒီတော့ နှစ်သစ်ကူးညအတွက် သူငယ်ချင်းတွေနဲ့အတူ ပါတီလုပ်ရင်း ရင်းနှီးခင်မင်မှုတွေ တိုးစေမဲ့အပြင် ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပေါ့ပါးပါး သောက်လို့ရမဲ့ Mojito Cocktail လုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။
Mojito ကော့တေးက ကမ္ဘာပေါ်မှာ နာမည်ကြီး ကော့တေး အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ Mojito က အမြင်မှာ လုပ်ရမှာ ရှုပ်မယ် ထင်ပေမယ့် တကယ်တမ်းတော့ ရိုးရှင်းလွယ်ကူပါတယ်။ သံပရာသီးအရည်ညှစ်ထည့်ပြီး တခြား လိုအပ်တဲ့ ပစ္စည်းတွေ ရောထည့်ရုံပါဘဲ။ တခြား ကော့တေးတွေလို Shake လှုပ်ခါစရာလည်း မလိုပါ။
Mojito Cocktail တစ်ခွက်အတွက် ပါဝင်သည့် ပစ္စည်းတွေကတော့
- White Rum 50ml
- Soda အနည်းငယ်
- သကြား ၂ ဇွန်း
- သံပုရာရည် လက်ဘက်ရည်ဇွန်း ၂ ဇွန်း
- ပူဆီနံရွက် ၁ ရွက်
- အရက် 50 ml
လိုအပ်တဲ့ပစ္စည်း
- ဖန်ခွက်ရှည် တစ်လုံး
- Jigger ဖန်ခွက် တစ်လုံး
- Muddler ဖန်ခွက် တစ်လုံး
- ဓား တစ်ချောင်း
- ဇွန်း ရှည် တစ်ချောင်း
- ချေထားတဲ့ ရေခဲများ
Mojito ကော့တေးက ဘယ်ကနေ ဆင်းသက်လာသလဲဆိုတော့ ဗြိတိန်လူမျိုး ကော့တေးပညာရှင် Francis Drake (ဖရန်စစ် ဒရိတ်ခ်)က “El Draque”ဆိုသည့် ကော့တေးကို တီထွင်ခဲ့ပါတယ်။ အဲ့ဒီကော့တေးက ကြံကနေထုတ်တဲ့ အရက်၊ သံပုရာရည်၊ သကြား၊ ပူဆီနံရွက် တို့နဲ့ ဖျော်စပ်ခဲ့တာပါ။
အဲ့ဒီ El Draque ဆိုတော့ ကော့တေးကို ဆိုဒါ နဲ့ rum ရမ် ထပ်မံ ရောစပ်ပြီးနောက် Mojito ဖြစ်လာတာပါ။
အမေရိကားနဲ့ ကျုဘားမှာ အရင်ကတည်းက Mojito ကို သောက်သုံးကြပေမယ့် ကမ္ဘာကျော်ခဲ့တာကတော့ ၂၀၀၀ပြည့်နှစ် ကျော်လောက်ကပါ။
ကျုးဘားနိုင်ငံက ထုတ်တဲ့ နာမည်ကြီး ရုပ်ရှင် Buena Vista Social Club ဆိုတဲ့ ရုပ်ရှင်မှာ Mojito ကော့တေးကို ဇာတ်ကွက်မှာ ထည့်သွင်းရိုက်ကူးခဲ့ပြီးနောက်ပိုင်း နာမည်ကြီးလာခဲ့ပါတယ်။
Mojito က ဗြိတိန်နိုင်ငံမှာ ရေပန်းအစားဆုံး ကော့တေးဖြစ်တယ်လို့ ၂၀၁၄ ခုနှစ်ထုတ် ယမကာ စာရင်းမှာ ဖော်ပြခံခဲ့ရပါတယ်။