ဒန့်ဒလွန်ရွက်ကို တောင်အာရှမှာ နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်အပင်တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ဒန့်ဒလွန်ရွက်မှာ Antioxidant နဲ့ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ အကျိုးကျေးဇူးတွေ အများအပြားပါဝင်နေပါတယ်။

morinprosz

ဒန့်ဒလွန်ရွက်ကော ဒန့်ဒလွန်သီးကိုပါစားသုံးနိုင်ပြီး ကျန်းမာရေးကိုလည်း များစွာအထောက်အကူပြုစေပါတယ်။ ဘာလို့လဲဆိုတော့ ဒန့်ဒလွန်ရွက်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

အရွက်ကို အစိမ်းလိုက် အကြမ်းစားပေးတာဟာ ပိုပြီးကျန်းးမာရေးနဲ့ညီညွှတ်ပါတယ်။ ဒါ့အပြင် ဒန့်ဒလွန်ရွက်ကို အခြောက်ကိုလည်း စားသုံးနိုင်သလို ရေနွေးကြမ်းလုပ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။

ဒန့်ဒလွန်သီးစားသုံးခြင်းရဲ့ အကျိုးကျေးဇူးများ

moringapowdertasteslikespinach-825x496shapiro_moringa-seeds-_090516

သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးခြင်း

ဒန့်ဒလွန်ရွက်ဟာ ဆီးချိုရောဂါခံစားနေရသူတွေအတွက် တကယ်ကိုအကူအညီဖြစ်ပါတယ်။ အမျိုးသမီး ၃၀ ကို ဒန့်ဒလွန်ရွက်အမှုန့်ကို ၇ ဂရမ်နေ့စဉ်စားသုံးပြီး စမ်းသပ်ပါတယ်။ သကြားဓါတ်ကို ပါဝင်မှုနှုန်း ၁၃.၅% ထိ ထိန်းချုပ်ထားနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

သွေးကိုသန့်စင်စေခြင်း

27370068_ml

ဒန့်သလွန်ရွက်ဟာ သွေးကို သန့်စင်စေတဲ့အရွက်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဝက်ခြံကိုလည်း ပျောက်ကင်းစေပါတယ်။

အရိုးကိုသန်မာစေခြင်း

ဒန့်သလွန်ရွက်မှာ သံဓါတ်နဲ့ ကယ်ဆီယံဓါတ် ကြွယ်ဝစွာပါဝင်လို့ အရိုးတွေကိုသန်မာစေပါတယ်။ ဒါ့အပြင် အမြင်အာရုံတွေကို ကြည်လင်စေပြီး ကင်ဆာရောဂါဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် A ကြွယ်ဝတာကြောင့်လည်း အရွယ်တင်စေပါတယ်။