ခြံလုပ်ငန်းကိုလုပ်ကိုင်တယ်ဆိုတာဟာ အလွန်ကောင်းမွန်တဲ့ ဝါသနာတစ်ခုဖြစ်သလို အိမ်စိုက်ဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့အထူးညီညွတ်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို ရရှိနိုင်ပါတယ်။ အပင်စိုက်ပျိုးခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှုဖြစ်စေရုံသာမက ဘေးပတ်ပတ်လည်မှာ အစိမ်းရောင်များနှင့်ပြည့်နေတာကြောင့် စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အပံ့ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် သင့်ဥယျာဉ်ခြံထဲက ဘယ်အပင်တွေက ဘယ်လိုကောင်းကျိုးတွေကို ပေးစွမ်းနိုင်သလဲသိရစေဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

၁။ အပူလောင်တာများအတွက် ရှားစောင်းလက်ပတ်

အအေးဓာတ်ရှိတဲ့ ရှားစောင်းလက်ပတ်ဟာ အပူလောင်ဒဏ်ရာလေးများအတွက် အထူးသင့်တော်မှုရှိပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကို ဒဏ်ရာပေါ်လိမ်းပေးပြီး တပတ်နှစ်ကြိမ်မှန်မှန်လိမ်းပေးပါ။

၂။ ခေါင်းကိုက်ဝေဒနာအတွက် ပူစီနံ

မကြာခဏခေါင်းကိုက်တတ်သူများအတွက် ပူစီနံကိုအသုံးပြုပြီး သက်သာအောင်လုပ်ဆောင်နိုင်ပါတယ်။ ပူစီနံတွင်ပါဝင်သည့် ပရုတ်အေးဓာတ်ဟာ ခေါင်းကိုက်မှုကိုဖြစ်ပေါ်စေတဲ့ သွေးကြောပိတ်ဆို့မှုများကို ပွင့်လာအောင် ကူညီပေးပါတယ်။ ထို့အပြင် သွေးလည်ပတ်မှုကိုကောင်းစေပြီး တင်းမာနေသည့်ကြွက်သားများကိုလည်း ပြေလျော့စေပါတယ်။

ပူစီနံအခြောက်တစ်ဇွန်းခန့်ကို ပွက်ပွက်ဆူနေသောရေထဲထည့်၍ အဖုံးအုပ်ကာ ၁၀ မိနစ်ခန့်ကြိုပေးပါ။ ပြီးလျှင်အဖတ်များစစ်ထုတ်ကာ ပျားရည်ထည့်ပြီး ဖြည်းဖြည်းချင်းသောက်သုံးပေးနိုင်ပါတယ်။

၃။ ဝမ်းလျောခြင်းအတွက် ဂန္ဓာမာရေနွေးကြမ်း

အစာအိမ်ဆိုင်ရာပြဿနာများကို ဖြေရှင်းပေးနိုင်ကာ ဖောရောင်ခြင်း၊ မအီမသာဖြစ်ခြင်းနှင့် ဂတ်စ်များစုဝေးလာခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။

ရေနွေးပူပူတစ်ခွက်ထဲသို့ ဂန္ဓာမာပန်းခြောက်များကိုထည့်ပြီး ၅ မိနစ်ခန့်နှပ်ထား၍ အဖတ်များဖယ်၍ ပျားရည်ရောကာ နွေးနေတုန်းသောက်သုံးပေးပါ။ လက္ခဏာများပျောက်သွားသည်အထိ တနေ့လျှင် နှစ်ကြိမ်မှသုံးကြိမ်သုံးစွဲပေးပါ။

၄။ စိတ်ဖိစီးမှုများအတွက် ပင်စိမ်းရွက်

နေထိုင်သည်နှင့်အမျှ အမျိုးမျိုးစုပုံလာသည့် စိတ်ဖိစီးမှုများအား ပင်စိမ်းရွက်ကိုအသုံးပြုပြီး တိုက်ထုတ်ပစ်နိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ်ပင်စိမ်းရွက် ၁၀ ရွက်မှ ၁၂ ရွက်ခန့်ကို တနေ့လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် မှန်မှန်ဝါးပေးပါ။

နောက်တစ်မျိုးအနေဖြင့် ပင်စိမ်းရေနွေးကြမ်းကိုလည်းသောက်သုံးပေးနိုင်ပါတယ်။ ပင်စိမ်းရွက်အနည်းငယ်ကို ရေနွေးထဲထည့်ပြီး ၅ မိနစ်မျှနှပ်ထားကာ အဖတ်များဖယ်၍ ပျားရည်နှင့် ဖြည်းဖြည်းချင်းသောက်သုံးပေးနိုင်ပါတယ်။