စွဲလန်းနေတဲ့ အရာတစ်ခုကို တိခနဲ ဖြတ်ဖို့ဆိုတာ သိပ်တော့ လွယ်ကူတဲ့ အရာ မဟုတ်ပါဘူး။
ဒီဖြတ်ဖို့ ခက်တဲ့ စွဲလန်းမှုထဲမှာ ဆေးလိပ်လည်း ပါပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားသူတွေဟာ နည်းမျိုးစုံနဲ့ ကြိုးစားကြပါတယ်။ အချို့ကလည်း ပီကေစားပြီး ဖြတ်ကြတယ်။ အချို့ကတော့ ကွမ်းနဲ့ ဖြတ်ကြပါတယ်။ အသုံးဝင်လို ဝင်ငြား ရှရှား ဆရာဝန်တစ်ယောက်ရဲ့ နည်းလေးကို မျှဝေချင်ပါတယ်။
သူ့ရဲ့ နည်းကတော့ အဆုတ်ကိုပါ သန့်စင်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့
– Plantains Leaf (မြန်မာလို အခေါ်အဝေါ်ကို သိပ်မရင်းနှီးလို့ မှားမှာစိုးလို့ မရေးပေးထားပါဘူး။ အပင်ပုံစံနဲ့ အရွက်ကို ပြထားပါတယ်။ မြက်ပင်မျိုးနွယ်တစ်ခု ဖြစ်ပြီး အလေ့ကျ ပေါက်တတ်ပါတယ်)
– ရေ 1/2 လီတာ
ပြင်ဆင်ပုံ
Plantains Leaf အနည်းငယ်ကို နေရိပ်မှာ အခြောက်ခံပါ။ ဆိုလိုတာကတော့ နေပူထဲ မထားဘဲ အိမ်ထဲမှာပဲ ခြောက်သွားအောင်လုပ်ပါ။ Plantains Leaf ရွက်တွေ ခြောက်တဲ့ အခါ ရေ 1/2 လီတာကို ဆူအောင် တည်ပြီး အရွက်တွေကို ထည့်ပါ။ ၂နာရီလောက် အဖုံးအုပ်ပြီး ထားပါ။ တစ်နေလုံး မကုန်မချင်း သောက်ပေးပါ။ ရေနွေးကြမ်းသောက်သလို သောက်ပေးပါ။
ဒီနည်းကို သုံးကြတဲ့ လူတွေကတော့ ၁လလောက်မှာပဲ သိသာတယ်လို့ ပြောကြပါတယ်။ အချို့ကလည်း ဒီနည်းကို ၃လကြာသည် အထိ စွဲသောက်ကြပါတယ်တဲ့။ ဆေးလိပ်သောက်ချင်စိတ်ကို မဖြစ်ပေါ်စေတဲ့ ဆေးနည်းလေးပါ။
Source: keepyourbody