ကြက်သွန်နီက ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုတယ် အလှအပအတွက် ဘယ်လိုအထောက်အကူပြုတယ်ဆိုတာကို စာဖတ်သူ သိပြီး နေလောက်ပြီထင်ပါတယ်။ ဒီနေ့မှာတော့ ကြက်သွန်နီကို ရက်ပေါင်း ၄၀ ( ၁ လကျော် ) အသုံးပြုပေးလိုက်ရုံနဲ့ မျက်နှာပေါ်က မလိုအပ်တဲ့ တင်းတိတ်၊ ဝက်ခြံနဲ့ မှဲ့တွေကို ပျောက်ကင်းသွားစေမှာပါ။

melasma

တင်းတိတ်

မျက်နှာပေါ်မှာ တင်းတိတ်များနေတဲ့သူတွေအတွက် ကြက်သွန်နီက ကုစားပေးနိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့

ကြက်သွန်နီအရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းပါ။

onion juice remedy for gray hair

အဲဒီအရည်နှစ်မျိုးကိုရောပြီး ဝါဂွမ်းစနဲ့ တင်းတိတ်ရှိတဲ့နေရာမှာ လိမ်းပေးပါ။ အဲဒီလိုမလိမ်းခင် မျက်နှာသေချာသစ်ပေးပြီးသား ဖြစ်နေရပါ့မယ်။ အဲဒီနောက် မိနစ် ၂၀ လောက်ထားပြီး ရေနွေးနဲ့ မျက်နှာသစ်ချပါ။

ရက်သတ္တပတ်အနည်းငယ်အတွင်း တင်းတိတ်ကင်းစင်တဲ့ အသားအရေကို ရရှိလာမှာဖြစ်ပါတယ်။

onion-skin-care-2

မှဲ့

ကြက်သွန်နီအရည်က ကိုယ်မလိုချင်တဲ့ မှဲ့အပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကြက်သွန်နီအရည်ကို မှဲ့ပေါ်မှာ ဝါဂွမ်းစနဲ့ လိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ အဲဒီနောက် ရေနဲ့ ဆေးကြောပေးပါ။ ဒီနည်းအတိုင်း တစ်ရက်ကို ၃ ကြိမ်လုပ်ပေးရမှာဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ မှဲ့တွေကင်းစင်သွားတာကို လက်တွေ့ခံစားရမှာဖြစ်ပါတယ်။

moles_types_atypical

ဝက်ခြံ

ဝက်ခြံအတွက်ကတော့ ကြက်သွန်နီအရည်နဲ့ ပျားရည်အနည်းငယ်ကို ရောပြီး လိမ်းပေးရမှာဖြစ်ပါတယ်။

အဲဒီလိုလိမ်းပေးပြီး ဝက်ခြံကို အရောင်လျော့စေရုံသာမက ရက်သတ္တပတ်အနည်းငယ်ကြာရင် ဝက်ခြံတွေ သိသိသာသာ လျှော့နည်းသွားပါလိမ့်မယ်။