ကော်ဖီကို လူတွေတော်တော်များများ သောက်သုံးကြပါတယ်။ ကော်ဖီဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိသလို ကိုယ်အလေးချိန်လျှော့ချရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။

maxresdefault

ကော်ဖီဟာ ဆီးချို၊ အသည်းကင်ဆာဖြစ်တာကနေ ကာကွယ်ပေးနိုင်သလို နှလုံးရဲ့ လုပ်ဆောင်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

ဒီတစ်ခါမှာတော့ ကော်ဖီကို ကိုယ်အလေးချိန်လျှော့ချရာမှာ အသုံးပြုဖို့ ရည်ညွန်းပေးချင်ပါတယ်။ မနက်ခင်းသောက်မယ့် ကော်ဖီထဲမှာ အခုပြောပြမယ့် ပါဝင်ပစ္စည်းကိုထည့်ပြီး ကိုယ်အလေးချိန်လျှော့ချနိုင်ကြပါစေ။

ပါဝင်ပစ္စည်း

အုန်းဆီ ၃/၄ ခွက်

23333

ပျားရည် ၁/၂ ခွက်

honey-625_625x421_41461133357

သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

shutterstock_133083593

ကိုကိုးသီး (cocoa) (ချော့ကလက်လုပ်ရာမျာ ထည့်သွင်းတဲ့အသီး) လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ထည့်ချင်ရင်ထည့်လို့ရပါတယ်)

nicaragua-cocoa-market-potential_strict_xxl

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုရောပြီး ဖျော်စက်ထဲထည့်ပြီး မွှေလိုက်ပါ။ အဲဒီနောက် ခွက်တစ်လုံးထဲထည့်ပြီး ပိတ်ထားပါ။

တစ်ညလောက်သိပ်ထားပြီး မနက်မိုးလင်းရင် မိမိပြုလုပ်ထားတဲ့ အနှစ်ကို ကော်ဖီထဲ လက်ဖက်ရည်ဇွန်း ၁ဇွန်း (သို့) ၂ ဇွန်းထည့်ပါ။ စက္ကန့်အနည်းငယ်လောက် မွေပေးပြီးသောက်ပါ။

အဲဒီဖျော်ရည်ကိုသောက်သုံးပေးတာဟာ ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပြီး ကိုယ်အလေးချိန်ကို မြန်မြန်ကျစေမှာပါ။ ပြီးတော့ ကော်ဖီကလည်း အရသာရှိမှာသေချာပါတယ်။